ကာလရှည်အငြင်းပွားနေတဲ့ အမေရိကန်အစိုးရအဖွဲ့ရဲ့ရသုံးငွေဆိုင်ရာဥပဒေကြမ်းကို သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုလိုက်ပြီး ဥပဒေမှာ အမေရိ ကန်စစ်တပ်ရဲ့အသုံးစားရိတ်မြှင့် တင်ဖို့ပါဝင်နေပါတယ်။အမေရိကန်အထက်လွှတ်တော်ကအတည်ပြုလိုက်တဲ့ အမေရိကန်အစိုးရအဖွဲ့ရဲ့ ရသုံးငွေ ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဥပဒေကြမ်းအတည်မပြုနိုင်ခင် ဖေဖော်ဝါရီလ(၈)ရက်ညပိုင်းမှာ အမေရိကန်အစိုးရရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းခဲ့တာကြောင့် လုပ်ငန်းဆောင်ရွက်မှုတွေ ခဏရပ်ခဲ့ပါတယ်။
 
အခုဥပဒေမှာ အမေရိကန်ကာကွယ်ရေးနဲ့ပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာဘီ လီယံ(၃၀၀)ကျော်တိုးမြှင့်သုံးစွဲသွားဖို့ပါဝင်နေပြီး အမေရိကန်စစ်တပ်ဟာ ယခင်ကထက်ပိုပြီး အင်အားတောင့်တင်းသွားပြီဖြစ် တယ်လို့ သမ္မတထရမ့်ကပြောခဲ့ပါတယ်။ ရသုံးငွေဆိုင်ရာဥပဒေအတည်ပြုရေးမှာ ငွေအသုံးပြုမယ့်အစီအစဉ်နဲ့ နိုင်ငံရေးလိုအပ် ချက်တွေကို လွှတ်တော်အမတ်တွေက အမြင်တစ်မျိုးစီနဲ့ ကာလရှည်ဆွေးနွေးနေကြတာဖြစ်ပါတယ်။
 
ဖေဖော်ဝါရီလ (၈)ရက် ညပိုင်းမတိုင်ခင်မှာ ဥပဒေအတည်ပြုနိုင်ဖို့ အမေရိကန်လွှတ်တော်အမတ်တွေက မျှော်လင့်နေကြပေမဲ့ အောက်လွှတ်တော် အမတ်(၁)ဦးက ကန့်ကွက်နေတာကြောင့် အစိုးရရဲ့လုပ်ငန်းဆောင်ရွက်မှုတွေ(၅)နာရီလောက်ရပ်ဆိုင်းခဲ့ရတယ်လို့ VOA သတင်း ဌာနက သတင်းဖော်ပြပါတယ်။ ဥပဒေအတည်မပြုနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ဇန်န၀ါရီလမှာလည်း အမေရိကန်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ခဏရပ်ခဲ့ရပြီး အခုဖြစ်ရပ်ကြောင့် ရီပတ်ဘလင်ကန်ပါတီဝင်တွေဦးဆောင်နေတဲ့ အမေရိကန်အထက် လွှတ်တော်မှာ အခုနှစ်အတွင်း (၂)ကြိမ်အထိ အစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်မှုတွေရပ်ဆိုင်းခဲ့ရပါတယ်။ 
 
 

Related News