ဆာဒါယူမူးယစ်ဂိုဏ်း ခေါင်းဆောင် “၀မ်ချာလမ် ကာမိုလာ့တ်” နဲ့ပတ်သက်နေတယ်လို့ သံသယရှိတဲ့နေရာ(၁၂)ခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရဲ့ မြို့တွင်းပိုင်းနေရာ(၁၂)ခုကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီလမှာ စီးနင်းရှာဖွေမှုတွေပြုလုပ်ခဲ့ပါ တယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်က ဖမ်းမိထားတဲ့ လာအိုနိုင်ငံသားမူးယစ်ဆေးဝါးခေါင်းဆောင် ဆိုင်ဆားနား ကီအိုဖီးဖား နဲ့ပတ်သက်နေတယ်လို့ ယူဆရတဲ့ကွင်းဆက်တွေကို စီးနင်းခဲ့တာဖြစ်တယ်လို့ MCOTသတင်းဌာနက သတင်းဖော်ပြပါတယ်။
 
ဘဲလ်အဆင့်မြင့်တိုက်ခန်းတွဲကိုဝင်ရောက်ရှာဖွေရာမှာ ဇိမ်ခံကား(၅)စီး၊ ဆိုင်ကယ်(၁)စီးနဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် လို့သံသယ ရှိနေသူရဲ့ လက်ထောက်ဖြစ်သူ ပွန်ဂျာနက် ပါပွန်းပိုင်ဆိုင်တဲ့ ပြောင်းတိုသေနတ်(၁)လက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။  ပါပွန်းကိုပါဖမ်းမိခဲ့ပေမဲ့ ခေါင်းဆောင်လို့သံသယရှိတဲ့ ၀မ်ချာလမ် ကာမိုလာ့တ်ကတော့ လွတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရမ်အင်တရာရပ်ကွက်က၀မ်ချာလမ်ရဲ့အိမ်ကို စီးနင်းစဉ်မှာ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုသိမ်းခဲ့ပြီး သူ့ရဲ့ဇနီးဖြစ်သူ လည်း အိမ်မှာရှိနေတယ်လို့ သိရပါတယ်။
 
ဝမ်ချာလမ်ရဲ့အိမ်မှာဖမ်းမိခဲ့တာဟာ ဘာတွေဖြစ်တယ်ဆိုတာကို ဖေဖော်ဝါရီလ (၁၄) ရက်မှာ အတိအကျထုတ်ပြန်သွားမယ်လို့ ထိုင်းဒုတိယရဲချုပ် ချာလမ်ကီရတ် ဆရီဝိုရာခန်းကပြောပါတယ်။ ၀မ်ချာလမ်ရဲ့ မူးယစ်ဂိုဏ်းဟာ ဇိမ်ခံကားတွေတင်သွင်းပြီး မူးယစ်ဆေးဝါးရောင်းရာကရတဲ့ငွေတွေကို ခ၀ါချဖို့လုပ်နေတာဖြစ်တယ်လို့လည်းသိရ ပါတယ်။
 
 
 
 

Related News