မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်မယ်ဆိုရင် ဆွေးနွေးရမယ့်အကြောင်းရင်းဟာ ကိုရီးယားကျွန်းဆွယ်နျူကလီးယား လက်နက်ဖျက်သိမ်းရေးဖြစ်မှသာ ဆွေးနွေးရတဲ့အဓိပ္ပာယ် ပြည့်စုံမယ်လို့ 
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် “ရှင်ဇိုအာဘဲ”တို့ သဘောတူ ခဲ့ကြတယ်ဆိုပြီး အာဘဲကပြောပါတယ်။ ဖေဖော်ဝါရီလ(၁၄)ရက်ညမှာ သမ္မတထရမ့်နဲ့ဖုန်းပြောအပြီး 
သတင်းထောက်တွေရဲ့မေးမြန်မှုကိုဖြေကြားစဉ်မှာ ၀န်ကြီးချုပ်အာဘဲကအခုလိုပြောခဲ့တာပါ။ 
 
မြောက်ကိုရီးယားအရေးအပါအ၀င် ကိစ္စရပ်တော်တော်များများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီးယားနဲ့ဒုံးကျည်အစီအစဉ် တွေကို ဆက်လက်ဆောင်ရွက် နေတယ်ဆိုတာကို လက်ခံရမှာဖြစ်တယ်လို့ အာဘဲကပြောခဲ့ပါတယ်။ မြောက်ကိုရီးယားက ဆွေးနွေးဖို့ မတောင်းဆိုမချင်း မြောက်ကိုရီးယားနိုင်ငံကို ဖိအားတွေဆက်ပေးသွားရေးရဲ့ အရေးပါပုံကိုလည်း နှစ်နိုင်ငံသဘောတူခဲ့ပြီး မြောက်ကိုရီးယားနျူကလီးယားဖျက်သိမ်းရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ဆောင်ရွက်သွားမလဲဆိုတာကို ဆွေးနွေးခဲ့တယ်လို့ အာဘဲကပြောပါတယ်၊ ဂျပန်-အမေရိကန်ဆက်ဆံရေးဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာမဟုတ်ဘူးလို့လည်း “အာဘဲ”က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြုံချမ်းဆောင်းရာသီမှာ တောင်ကိုရီးယားနဲ့ ပူးပေါင်းပါဝင်နေပြီး ဆယ်နှစ်ကျော်ကာလမှာ ပထမဆုံးကိုရီးယား(၂)နိုင်ငံကြားထိပ်သီး ဆွေးနွေးပွဲကျင်းပဖို့ ရှိနေချိန်မှာ အာဘဲကအခုလိုပြောခဲ့တာဖြစ်ပါတယ်။
 
 
 

Related News