နျူကလီးယားဆိုင်ရာစစ်ဆေးမှုတွေ မြောက်ကိုရီးယားနိုင်ငံမှာ ထပ်မံပြုလုပ်နိုင်ရေးတိုက်တွန်းသွားဖို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီနဲ့ ဂျပန်အစိုးရတို့ သဘောတူခဲ့ပါတယ်။နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ(IAEA) ရဲ့စစ်ဆေးမှုကို မြောက်ကိုရီးယားနိုင်ငံ လက်ခံလာအောင် တိုက်တွန်းသွားဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနဲ့(IAEA) ညွှန်ကြားရေးမှူး ချုပ်“ယူကီရာအာမန်နို”တို့ သဘောတူညီခဲ့ကြပါတယ်။ “တာရိုကိုနို”နဲ့ “ယူကီယာ အာမန်နို”တို့ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ဖေဖေါ်ဝါရီလ(၁၅)ရက်ကတွေ့ဆုံခဲ့စဉ် သဘောတူခဲ့တာပါ။
 
မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့နိုင်ငံလို့ သတ်မှတ်ထားပြီး အခြေအနေပေး မယ်ဆိုရင်(IAEA) စစ်ဆေးရေးမှူးတွေကို မြောက်ကိုရီးယားနိုင်ငံဆီ ထပ်လွှတ်ဖို့ရှိတယ်လို(IAEA) ဘက်ကပြောပါတယ်။ 
 
မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်ဆိုင်ရာ အစီအစဉ်တွေ ဖျက်သိမ်းရေးအတွက် (IAEA) ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ဂျပန်နိုင်ငံက ထောက်ပံ့ဖို့ ရှိနေတယ်လို့“တာရိုကိုနို”က ပြောပါတယ်။ (၂၀၀၉)ခုနှစ်က မြောက်ကိုရီးယားမှာ (IAEA)  စစ်ဆေးခဲ့စဉ် စစ်ဆေးရေးမှူးတွေကို နိုင်ငံထဲကထွက်သွားဖို့ တွန်းအားပေးခဲ့တာကြောင့် (IAEA) ရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ (၂၀၂၀)တိုကျိုအိုလံပစ်နဲ့မသန်စွမ်းအိုလံပစ်တို့မှာ အကြမ်းဖက်ဝါဒဆန့်ကျင်ရေး တိုးမြှင့်ဖို့လည်း ကိုနိုနဲ့အာမန်နိုတို့ သဘောတူညီမှုကိုလည်း အတည်ပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ စက်တင်ဘာလမှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့ပြီး အဲဒီစမ်းသပ်မှုနဲ့အတူ နျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဂျပန်အစိုးရဘက်က ယူဆနေပါတယ်။ အဲဒီစမ်းသပ်မှု နောက်ပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံကို ရေနံစိမ်းတင်ပို့တာ အပါအ၀င် ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်လိုက်ပါတယ်။
 
 

Related News