ပြီးခဲ့တဲ့ တစ်ပတ်က အမေရိကန်တိုက်လေယာဉ်(၁)စီးကနေ လေယာဉ်ဆီတိုင်ကီပြုတ်ကျ ခဲ့တာကြောင့် အမေရိကန်လေတပ်အခြေစိုက် စခန်းအကြီးအကဲက ဂျပန်မြို့တော်ဝန်ကိုတောင်းပန် ခဲ့ပါတယ်။နိုင်ငံတကာသတင်းအယ်ဒီတာက တင်ဆက်ပေးမှာပါ။ ဖေဖေါ်ဝါရီ(၂၀)ရက်က ဂျပန်နိုင်ငံမြောက်ပိုင်းမှာ အမေရိကန်တိုက်လေယာဉ်(၁)စီးအင်ဂျင် မီးလောင်ခဲ့လို့ လေယာဉ်ဆီတိုင်ကီ(၂)လုံးကို ရေကန်(၁)ကန်ထဲဖြုတ်ချခဲ့တဲ့အတွက် ဒေသအုပ်ချုပ်ရေးအရာရှိတွေကို အမေရိကန်လေယာဉ်အခြေစိုက်စခန်း အကြီးအကဲ ဗိုလ်မှူးကြီးစကော့ ဂျို့ကတောင်းပန်ခဲ့ပါတယ်။

အာအိုမိုရီစီရင်စု၊ တိုဟိုကူမြို့ကို သွားရောက်ခဲ့ပြီး မြို့တော်ဝန်ကိုဂျီ အက်ဘီနာနဲ့ ဖေဖော်ဝါရီလ(၂၆)ရက်မှာတွေ့ဆုံစဉ်ပြောခဲ့တာပါ။ ဖေဖော်ဝါရီလ(၂၀)ရက်မှာ F(16) တိုက်လေယာဉ် မီဆာဝါ လေတပ်အခြေစိုက်စခန်းက ပျံတက်လာတုန်း အင်ဂျင်မီးလောင်ခဲ့လို့ အိုဂါနာဝါရေကန်ထဲကို လေယာဉ်မှူးက လေယာဉ်ဆီတိုင် ကီ(၂)လုံးဖြုတ်ချခဲ့တာကြောင့် ဂျို့ကတောင်းပန်ခဲ့ပြီး အမေရိကန်စစ်တပ်ကို ဆီတိုင်ကီတွေရဲ့ အပျက်အစီးတွေနဲ့ဖိတ်ကျခဲ့တဲ့ဆီတွေကို ကန်ထဲကဖယ်ပေးဖို့ မြို့တော်ဝန်အက်ဘီနာက တိုက်တွန်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲတွေကြောင့် ဒေသခံတွေ၊ ငါးဖမ်းသမားတွေနဲ့ မြို့ကိုထိခိုက်ခဲ့တဲ့အတွက်ဝမ်းနည်းကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို နဂိုအခြေအနေ ပြန်ရောက်အောင်လုပ်ရာမှာ အမေရိကန်စစ်တပ်ကလည်းပူးပေါင်းပါဝင်သွားမယ်လို့ ဂျို့ကသတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ဆီတိုင်ကီပြုတ်ကျခဲ့တဲ့နေ့မှာ ဖမ်းမိခဲ့တဲ့ ခရုအလေးချိန်(၄၀၀)ကီလိုဂရမ်နီးပါးကို ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဖျက်ဆီးပစ်ခဲ့တယ်လို့ ဒေသငါး ဖမ်းသမ၀ါယမအသင်းကပြောပါတယ်။ ရေကန်ထဲမှာ ငါးဖမ်းခွင့်ပိတ်ထားတဲ့အတွက် ဂျပန်ဗဟိုအစိုးရထံကနေ ငါးဖမ်းသမားတွေက လျော်ကြေးတောင်းနေကြပါတယ်။

 

 

Related News