ဗီယက်နမ်စစ်ပွဲအပြီး(၄၃)နှစ်အတွင် ပထမဆုံးအနေနဲ့ အမေရိကန်စစ်တပ် လေယာဉ်တင် သင်္ဘောနဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေဟာ ဗီယက်နမ်နိုင်ငံကို မတ်လ(၅)ရက်က ရောက်ရှိခဲ့ပါတယ်။အမေရိကန်စစ်တပ်ရဲ့လေယာဉ်တင်သင်္ဘောကားလ်ဗင်ဆန်ဟာ မတ်လ(၅)ရက်မှာ ဗီယက်နမ်နိုင်ငံကိုရောက်ရှိခဲ့ပြီး (၁၉၇၅) ခုနှစ်၊ ဗီယက်နမ်စစ်ပွဲပြီးဆုံးခဲ့ကတည်းက အမေရိကန်စစ်သင်္ဘော(၁)စီး ဗီယက်နမ်နိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိတာဖြစ်ပါ တယ်။

နျူကလီးယားစွမ်းအင်သုံးကားလ်ဗင်ဆန်သင်္ဘောဟာ ဒါနန်းဆိပ်ကမ်းမှာ ကမ်းကပ်ခဲ့တာဖြစ်ပြီး အဲဒီဆိပ်ကမ်းဟာ ဗီယက်နမ်စစ်ပွဲကာလမှာ အမေရိကန်သင်္ဘောတွေ ပထမဆုံးကမ်းကပ်ခဲ့တဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။ သင်္ဘောနဲ့အတူ စစ်ပွဲကာလမှာ ဗီယက်နမ်မှာ တိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်စစ်သားဟောင်းတွေပါ ပါဝင်လာခဲ့ပြီး ခရီးစဉ်ဟာ(၁၆)ရက်ကြာမြင့်မှာဖြစ်တယ်လို့ ဗီ ယက်နမ်နိုင်ငံပိုင်ရုပ်သံကသတင်းဖော်ပြပါတယ်။ ခရီးစဉ်မှာ ဗီယက်နိုင်ငံတစ်ဝန်းက စစ်ရဲ့အကျိုးဆက်ကြောင့် ထိခိုက်မှုရှိခဲ့သူ တွေဆီသွားရောက်လည်ပတ်မယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်ဟာ ဗီယက်နမ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာဆက်ဆံရေးတိုးမြှင့် နေတာကို ဖော်ပြနေတယ်လို့ သတင်းတွေဖော်ပြနေပါတယ်။

ကားလ်ဗင်ဆန်သင်္ဘောဟာ အမေရိကန်စစ်တပ်အတွက် တာဝန် ထမ်းဆောင်ခဲ့တဲ့ဆယ်စုနှစ်တွေမှာ နိုင်ငံတော်တော်များများကိုရောက်ရှိခဲ့ဖူးပါတယ်။ ဒါနန်းဆိပ်ကမ်းဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်း (၁)ခုဖြစ်ခဲ့ပြီး လေယာဉ်တင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်ခဲ့တဲ့ဆိပ်ကမ်း လည်းဖြစ်ပါတယ်။ (၁၉၅၅)ခုနှစ်ကစခဲ့တဲ့ဗီယက်နမ်စစ်ပွဲကာလမှာ ဗီယက်နမ်နိုင်ငံသားနဲ့ ကွန်မြနစ်တပ်ဖွဲ့ဝင် သန်းချီသေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်(၅၈၀၀၀)လောက် သေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေရှိခဲ့ပါတယ်။ 

 

 

 

Related News