အမေရိကန်နဲ့တောင်ကိုရီးယားပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဧပြီလ(၁)ရက်ကနေမေလအထိ ကျင်းပနိုင်တယ်လို့ အမေရိကန်သတင်းဌာနတွေကသတင်းဖော်ပြနေပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ကျင်းပနိုင်ခဲ့တဲ့စစ်ရေးလေ့ကျင့်မှုတွေထက် အချိန်စောပြီး ကျင်းပသွားမှာဖြစ်တယ်လို့ KBSသတင်းဌာနက သတင်းဖော်ပြပါတယ်။ မသန်စွမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအပြီး အခုလအတွင်းမှာ စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်မှာဖြစ်ပြီး ဧပြီလမကုန်ခင်မှာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ပါဝင်နေကြ လက်နက်တွေပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့နှစ်စစ်ရေးလေ့ကျင့်မှုမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော(၁)စီးနဲ့ ရေငုပ်သင်္ဘော(၁)စီးတို့ ပါဝင်ခဲ့တဲ့အတွက် ကိုရီးယားကျွန်းဆွယ်မှာ အလျင်အမြန်ပြန့်ပွားမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ လက်နက်တွေ အသုံးပြုဖို့မလိုဘူးလို့ တောင်ကိုရီးယားအမျိုးသားကာကွယ်ရေးဝန်ကြီး ဆောင်ယောင်မူးက ဝေဖန်ခဲ့ပါတယ်။ နှစ်စဉ်နှစ်နိုင်ငံပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ဖေဖော်ဝါရီလမှာ စတင်ကျင်းပ လေ့ရှိပေမယ့် အခုနှစ်မှာတော့ ပြုံချမ်းဆောင်းရာသီအိုလံပစ် ပြိုင်ပွဲရှိတဲ့အတွက် စစ်ရေးလေ့ကျင့်မှုကို ရက်ရွှေ့ထားတာဖြစ်ပါတယ်။ 

 

 

Related News