တူရကီစီးပွားရေးလုပ်ငန်းရှင် (၁)ဦးရဲ့သမီးဖြစ်သူနဲ့ သူရဲ့သူငယ်ချင်း(၇)ဦး ပါလာတဲ့ လေယာဉ်(၁)စီး အီရန်နိုင်ငံမှာပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူ အားလုံး သေဆုံးခဲ့ပါတယ်။ 
မတ်လ(၁၀)ရက်မှာ  တူရကီနိုင်ငံသားပိုင်ဂျက်လေယာဉ်တစ်စီး အီရန်နိုင်ငံအနောက်ပိုင်းမှာပျက်ကျခဲ့လို့ လူ(၁၁)ဦးသေဆုံးခဲ့ပါ တယ်။ တူရကီဂျက်လေယာဉ်ဟာ တူရကီလေပိုင်နက်ကိုဖြတ်သန်းလာတုန်း ရေဒါကပျောက်သွားပြီး ရှာအီကော့မြို့နားမှာပျက် ကျခဲ့တယ်လို့ အီရန်မြို့ပြလေကြောင်းပျံသန်းမှုဆိုင်ရာအဖွဲ့ပြောခွင့်ရသူက နိုင်ငံပိုင်ရုပ်သံဋ္ဌာနကို ပြောခဲ့ပါတယ်။ လေယာဉ်ပေါ် မှာခရီးသည်(၈)ဦးပါလာပြီး လေယာဉ်အမှုထမ်းအမျိုးသမီး(၃)ဦးပါတယ်လို့ တူရကီလခြမ်းနီကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ ဒေါက်တာကီရမ် ကီနစ်ကတွစ်တာမှာရေးခဲ့ပါတယ်။

လေယာဉ်ကိုပိုင်ဆိုင်တဲ့ ဘာရှာရန်လုပ်ငန်းစုပိုင်ရှင် ဟူစိန်ဘာရှာရန်ရဲ့ သမီးဖြစ်သူအသက်(၂၈)နှစ်အရွယ်ရှိမီနာ ဘာရှာရန်နဲ့ သူငယ်ချင်း(၇)ဦးလေယာဉ်ပေါ်မှာပါလာခဲ့တယ်လို့ တူရကီမီဒီယာတွေက သတင်းဖော်ပြပါတယ်။ လာမယ့်လမှာကျင်းပမယ့်မီနာရဲ့မင်္ဂလာပွဲအတွက် သူငယ်ချင်းတွေနဲ့ပျော်ပွဲရွှင်ပွဲပြုလုပ်ခဲ့ပြီးနောက် မတ် လ(၁၀)ရက်ညနေပိုင်းမှာဒူဘိုင်းမြို့ကနေ တူရကီနိုင်ငံမြို့တော် အစ်္စတန်ဘူလ်ကိုပြန်လာစဉ် လေယာဉ်ပျက်ကျခဲ့တာပါ။ လေ ယာဉ်မပျက်ကျခင် လေယာဉ်ကနေ မီးခိုးတွေထွက်ခဲ့တာကို မြင်ခဲ့ရတယ်လို့ ပျက်ကျခဲ့တဲ့နားကဒေသခံတွေကပြောတယ်ဆိုပြီး မီဇန်သတင်းအေဂျင်စီကသတင်းဖော်ပြပါတယ်။ အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့လက ခရီးသည်တင်လေယာဉ်(၁)စီးပျက်ကျခဲ့လို့ လေ ယာဉ်ပေါ်မှာပေါ်လာသူ(၆၆)ဦးစလုံးသေဆုံးခဲ့ပါတယ်။ 

 

 

Related News