အခုလပထမတစ် ပတ်မှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားအထူးကိုယ်စားလှယ်တွေက ဂျပန်နဲ့တရုတ်နိုင်ငံတို့ကိုသွား ရောက်ခဲ့ပြီး တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ ရှင်းလင်းခဲ့ကြပါတယ်။ 
ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားအထူးကိုယ်စားလှယ်အဖွဲ့ဝင်တွေက ခေါင်းဆောင်ကင်နဲ့တွေ့ဆုံမှုနဲ့ပတ်သက်ပြီးရှင်းလင်းဖို့ ဂျပန်နဲ့တရုတ်နိုင်ငံတို့ကို မတ်လ(၁၂)ရက်ညနေပိုင်းမှာရောက်ရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံကို တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာနအကြီးအကဲဆာဟွန်းသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံကို တောင်ကိုရီးယားအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ်္ဂိုလ် ချောင်အွီယွန်း သွားရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတာရိုကိုနိုက ဆာဟွန်းကို လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်သမ်္မတရှီကျင့်ပင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယီတို့က ချောင်အွီယွန်းကို လက်ခံတွေ့ဆုံခဲ့ပါ တယ်။ ဧပြီလကုန်ပိုင်းမှာကျင်းပဖို့ရှိနေတဲ့ကိုရီးယား(၂)နိုင်ငံကြားထိပ်သီးညီလာခံနဲ့ မေလဆန်းပိုင်းမှာပြုလုပ်ဖွယ်ရှိနေတဲ့ အမေရိကန်နဲ့မြောက်ကိုရီးယားကြား တွေ့ဆုံဆွေးနွေးမှုတို့နဲ့ ပတ်သက်လို့ တောင်ကိုရီးယားကိုယ်စားလှယ်တွေက ရှင်းလင်းခဲ့တယ်လို့ NHK သတင်းဌာနနCCTVသတင်းဌာနတို့က သတင်းဖော်ပြကြပါတယ်။

မြောက်ကိုရီးယားရဲ့တွေ့ဆုံမှုတွေဟာ အမေရိကန်၊ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်းဖိအားတွေကြောင့်ဖြစ်ပြီး တွေ့ဆုံမှုတွေဟာ အဓိပ္ပာယ်ရှိရှိပြီးဆုံးရမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီး တာရိုကိုနိုကပြောခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေဟာ ဒေသတွင်း လူထုရဲ့အကျိုးစီးပွားနဲ့ကိုက်ညီနေတာကြောင့် ပါဝင်ပတ်သက်နေတဲ့နိုင်ငံ တွေအားလုံးပါဝင်ပြီးအားထုတ်ဆောင်ရွက်မယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်ရဲ့အနာဂတ်ပိုကောင်းလာနိုင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ဆာဟွန်းကတော့ မတ်လ(၁၃)ရက်ညနေပိုင်းမှာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲနဲ့တွေ့ဆုံခဲ့ပါတယ်။

 

 

Related News