လာမယ့်အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံမှာဆွေးနွေးမှုတွေက အကျိုးမဖြစ်ထွန်းဘူးဆိုရင် ဆွေးနွေးမှု ရုတ်သိမ်းမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ 
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ ဆွေးနွေးမှုကအကျိုးမရှိဘူးဆိုရင် ဆွေးနွေးပွဲရုတ်သိမ်းသွားမယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ဖိအားအမြင့်ဆုံးပေး သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘဲနဲ့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်တို့က ဧပြီလ(၁၈)ရက်က ပူးတွဲသတင်းစာရှင်း လင်းပွဲမှာပြောခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ သမ္မတထရမ့်ရဲ့အပန်းဖြေအိမ်မှာ အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန် ၀န်ကြီးချုပ်နဲ့သမ္မတ ထရမ့်တို့ (၂)ရက်ကြာဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
 
အစောပိုင်းတုန်းကလည်း အမေရိကန်ဗဟိုထောက် လှမ်းရေးအေဂျင်စီညွှန်ကြားရေးမှူးမိုက် ပွန်ပီယိုက မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ပြီး ခေါင်းဆောင်ကင်မ်နဲ့တွေ့ဆုံခဲ့တယ် လို့ အမေရိကန်ဘက်က အတည်ပြုခဲ့ပါတယ်။ ပွန်ပီယိုနဲ့ခေါင်းဆောင်ကင်မ်တို့ကြား ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ဆွေးနွေးမှုတွေ အဆင်ပြေခဲ့တယ်လို့လည်းသိရပါတယ်။ ပွန်ပီယိုရဲ့ခရီးစဉ်ဟာ ပြီးခဲ့တဲ့ (၂၀၀၀)ခုနှစ်ကတည်းက အမေရိကန်နဲ့မြောက်ကိုရီးယား တို့ကြား အဆင့်အမြင့်ဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။ လာမယ့်ဇွန်လမှာ အမေရိကန်-မြောက်ကိုရီးယားထိပ်သီး ညီလာခံကျင်းပနိုင်မယ်လို့ သမ္မတထရမ့်ကမျှော်လင့်နေပြီး တွေ့ဆုံရမယ့်နေရာအပါအ၀င် ညီလာခံနဲ့ပတ်သက်နဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ပြင်ဆင်နေဆဲပါ။
 
 

Related News