ဧပြီလ(၁၇)ရက်ကပျက်ကျခဲ့တဲ့ အမေရိကန်လေယာဉ်ကို ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့တဲ့အမျိုးသမီးလေယာဉ်မှူးကို ဒီဖြစ်ရပ်ကနေ အသက်ရှင်ကျန်ရစ်သူတွေက သူရဲကောင်း(၁)ဦးအနေနဲ့ ချီးကျူးနေကြပါတယ်။အမေရိကန်နိုင်ငံအရှေ့ပိုင်းမှာ အင်ဂျင်ချို့ယွင်းမှုကြောင့် ခရီးသည်လေယာဉ်(၁)စီးပျက်ကျခဲ့ပေမဲ့ အဲဒီလေယာဉ်ကို ဘေးကင်း ကင်းနဲ့မြေပြင်ပေါ်ပြန်ဆင်းနိုင်ခဲ့တဲ့ အမေရိကန်လေယာဉ်မှူးအမျိုးသမီးကို ချီးကျူးပြောဆိုနေကြပါတယ်။ အနောက်တောင်ပိုင်း လေကြောင်းလိုင်းပိုင်လေယာဉ်ကို ဘေးကင်းကင်းနဲ့ဆင်းနိုင်ခဲ့ပေမဲ့ ခရီးသည်အမျိုးသမီး(၁)ဦးသေဆုံးပြီး နောက်ထပ်(၇)ဦးဒဏ် ရာရခဲ့ပါတယ်။ ဧပြီလ(၁၇)ရက်ကဖြစ်ခဲ့တဲ့ အဲဒီလေယာဉ်မတော်တဆမှုမှာပါဝင်ခဲ့တဲ့လေယာဉ်ဟာ ဖီလာဒဲလ်ဖီးယားလေဆိပ်ကို ဆင်းသက်ခဲ့ပြီး အဲဒီခရီးစဉ်ကို တမ်မီ ဂျို ရှော့တ်က မောင်းနှင်လာခဲ့ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ လူ(၁၄၉)ဦးပါလာခဲ့ပြီး န ယူးယောက်မြို့ကနေ ဒဲလ်လက်စ်မြို့ကို ပျံသန်းခဲ့တာပါ။

အသက်ရှင်ကျန်ရစ်သူတွေက လေယာဉ်မှူးရှော့တ်ကို သူရဲကောင်း(၁) ဦးအဖြစ် ချီးကျူးပြောဆိုနေကြပြီး ရှော့တ်ဟာ အမေရိကန်ရေတပ်ရဲ့လေယာဉ်မှူးဟောင်း(၁)ဦးဖြစ်တယ်လို့ အမေရိကန်ရေတပ် ကအတည်ပြုထားပါတယ်။ အခုခရီးစဉ်ကို ရှော့တ်မောင်းနှင်လာတယ်လို့ အနောက်တောင်ပိုင်းလေကြောင်းလိုင်းက အတည်မ ပြုခဲ့ပေမဲ့ ခရီးသည်တွေနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူတို့က အဲဒီလေယာဉ်ကို ရှော့တ်မောင်းနှင်လာခဲ့တယ်လို့ အတည်ပြုခဲ့တယ်ဆိုပြီး (ဗဏ)သတင်းဌာနက သတင်းဖော်ပြပါတယ်။ လေယာဉ်ပျက်ကျတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အစောပိုင်းစစ်ဆေးမှု တွေအရ ပန်ကာအသွားပျက်ခဲ့တာကြောင့် လေယာဉ်အင်ဂျင်ပျက်စီးခဲ့တယ်လို့ အမေရိကန်အမျိုးသားသယ်ယူပို့ဆောင်ရေး ဆိုင်ရာလုံခြုံရေးဘုတ်အဖွဲ့  (AP)  ကပြောပါတယ်။ 

 

 

 

Related News