မြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံကြားဆက်ဆံရေးတိုးတက်လာစေဖို့နဲ့ ကိုရီးယားကျွန်းဆွယ် အရေးတွေကို မြောက်ကိုရီးယား ခေါင်းဆောင်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ မေလ(၂)ရက်က ဆွေးနွေးခဲ့ကြပါတယ်။ မေလ(၂)ရက်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီတို့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့အခြေအနေတွေကို အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA)သတင်း ဌာနက မေလ(၄)ရက်မှာ သတင်းဖော်ပြပါတယ်။ အဲဒီနေ့အစောပိုင်းမှာ ၀န်ကြီးဝမ်ယီက မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရီ ယွန်ဟိုနဲ့တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့နဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့အခြေအနေတွေဖွံ့ဖြိုး ရေးမှာ နှစ်နိုင်ငံနဲ့ဆက်စပ်နေတာ တွေကိုဆွေးနွေးခဲ့ကြတယ်လို့ (KCNA)သတင်းမှာပါဝင်ပါတယ်။
 
အရေးပါတဲ့ကိစ္စရပ်တွေမှာ တ ရုတ်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ရဲ့ရပ်တည်ချက်တွေကို ပြန်အတည်ပြုခဲ့တယ်လို့ပါဝင်ပေမဲ့ ဘယ်ကိစ္စတွေဆိုတာကိုတော့ မဖော် ပြထားပါဘူး။ ကိုရီးယား(၂)နိုင်ငံရဲ့စစ်ပွဲကိုအဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်လာရေးကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံက ထောက်ခံနေတယ်ဆိုတာ ၀မ်ယီကပြောခဲ့တယ်ဆိုပြီး တရုတ်နိုင်ငံခြားဝန်ကြီးဌာနကပြောခဲ့ပါတယ်။ ၀မ်ယီရဲ့ခရီးစဉ်က (၂)ရက်ကြာခဲ့ပြီး ပြီးခဲ့တဲ့(၁၁)နှစ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး(၁)ဦးက မြောက်ကိုရီးယား နိုင်ငံကို ပထမဆုံးအကြိမ်သွားခဲ့တာဖြစ်ပါတယ်။  ပြီးခဲ့တဲ့မတ်လက တရုတ်နိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သွားရောက်ခဲ့ပြီးနောက် (၂)နိုင်ငံဆက်ဆံရေးပြန်တိုး တက်လာပါတယ်။ လာမယ့်အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံပြီးရင် တရုတ်သမ္မတရှီကျင့်ပင်က မြောက်ကိုရီးယား ကိုသွားရောက်ဖွယ်ရှိနေပါတယ်။
 
 
 

Related News