ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ပန်မွန်ဂျွန်းကြေညာချက်ကိုထောက်ခံပြီး ကိုရီးယားကျွန်းဆွယ်နဲ့ အာရှဒေသအရှေ့မြောက်ပိုင်းငြိမ်းချမ်းတည်ငြိမ် ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ခေါင်းဆောင်တွေက ကြေညာခဲ့ပါ တယ်။ 

ပြီးခဲ့တဲ့ဧပြီလ(၂၇)ရက်က ကိုရီးယား(၂)နိုင်ငံထိပ်သီးညီလာခံအပြီး ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကို ထောက်ခံတယ်လို့ တောင်ကို ရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ခေါင်းဆောင်တွေက မေလ(၉)ရက်က ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာကျင်းပခဲ့တဲ့ (၃)နိုင်ငံထိပ် သီးညီလာခံအပြီးမှာ ကြေညာခဲ့ပါတယ်။

နျူကလီးယားအပြီးသတ်ဖျက်သိမ်းရေးကို ကိုရီးယား(၂)နိုင်ငံသဘောတူနိုင်ခဲ့တာကို ခေါင်းဆောင်တွေကကြိုဆိုခဲ့ကြပြီး အမေရိကန်နဲ့မြောက်ကိုရီးယားထိပ်သီးညီလာခံအောင်မြင်ဖို့လည်း မျှော်လင့်တယ်လို့ ထုတ် ပြန်ချက်မှာပါဝင်ပါတယ်။ (ပန်မွန်ဂျွန်းကြေညာချက်ကို ထောက်ခံတယ်လို့ ကြေညာချက်ထုတ်ခဲ့တဲ့ ခေါင်းဆောင်(၂)ဦးရဲ့သဘောထားကို ကြိုဆိုပါတယ်။

ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့(၃)နိုင်ငံကြား အနီးကပ်ဆက်သွယ်ပြီးပူးပေါင်းဆောင်ရွက်နေတာတွေဆက် ရှိနေဦးမယ်လို့လည်း မျှော်လင့်ပါတယ်။)အာရှဒေသအရှေ့မြောက်ပိုင်းငြိမ်းချမ်းဖို့နဲ့တည်ငြိမ်စေဖို့ ကိုရီးယား(၂)နိုင်ငံထိပ်သီးညီလာခံကဖန်တီးပေးနိုင်ရေးအတွက် ပူးတွဲ အားထုတ်သွားမယ်လို့လည်း ခေါင်းဆောင်(၃)ဦးက သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် (၃)နိုင်ငံထိပ်သီးညီလာခံတွေပုံမှန်ကျင်း ပဖို့နဲ့ (၃)နိုင်ငံကြားအမှုထမ်းတွေဖလှယ်တာကို (၂၀၂၀)နှစ်ကုန်မှာ သန်း(၃၀)အထိရှိဖို့လည်း သဘောတူခဲ့ပါတယ်။

(ကိုရီးယားကျွန်းဆွယ်အရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီး ယားအပြီးသတ်ဖျက်သိမ်းဖို့နဲ့ အာရှဒေသအရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းဖို့နဲ့တည်ငြိမ်ဖို့ လက်ရှိလုပ်ဆောင်နေတဲ့အရှိန်အဟုန်ကို ဆက်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာအသိုက်အ၀န်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားသင့်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့လည်း ခိုင်လုံတဲ့လုပ်ဆောင်ချက်တွေလုပ်ဖို့ ကျွန်တော်တို့တွေလိုလားနေပါတယ်။

 

 

Related News