အီရန်စစ်တပ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အစ္စလာမ်မစ်တော်လှန်ရေးဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့ (IRGC))နဲ့ ဆက်စပ်တဲ့ကုမ္ပဏီ(၃)နဲ့ လူ(၆)ဦးကို မေလ(၁၀)ရက်မှာ အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (IRGC)ရဲ့ ပုတ်ခတ်ပြောဆိုမှုတွေကို အမေရိကန်ဒေါ်လာ သန်းချီထောက်ပံ့နေသူတွေကို ပစ်မှတ်ထားအရေးယူခဲ့တာလို့  အမေရိကန်ငွေတိုက်ဝန်ကြီးစတီဗင် မန်နူချင်က ပြောပါတယ်။ (IRGC)အတွက် ရန်ပုံငွေမရနိုင်အောင်လို့ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာလို့လည်း မန်နူချင်ကပြောပါတယ်။

(IRGC) ကို အမေရိကန်ဒေါ်လာသုံးစွဲနိုင်အောင် အီရန်ဗဟိုဘဏ်က ကူညီပေးနေတယ်လို့လည်း အမေရိကန်ဘက်ကစွပ်စွဲထားပါတယ်။ ပိတ်ဆို့ခံထား ရသူတွေက ဘယ်သူဘယ်ဝါဆိုတာကို မပြောပေမဲ့ အီရန်နိုင်ငံသားတွေဖြစ်တယ်လို့ အမေရိကန် ငွေတိုက်ဌာနက ထုတ်ပြန်ထားပါတယ်။ အခုပိတ်ဆို့မှုတွေကို အာရပ်စော်ဘွား ပြည်ထောင်စု(UAE)နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေနဲ့ကုမ္ပဏီတွေက ပိတ်ဆို့ခံရ သူတွေနဲ့ ဖက်စပ်စီးပွားရေးလုပ်ကိုင်ခွင့်ရမှာမဟုတ်ပါဘူး။ (IRGC)ကို အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်နေတယ်လို့ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ အောက်တိုဘာလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ခဲ့ပြီး ပိတ်ဆို့မှုတွေစလုပ်ခဲ့ပါတယ်။       

 

 

Related News