တစ်ကမ္ဘာလုံးဆိုင်ရာသံတမန်ခရီးစဉ်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး“မိုဟာမက် ဂျဘတ်ဖ် ဇရစ်ဖ်”က သူရဲ့နောက်ဆုံးခရီးစဉ်အဖြစ် ဧပြီလ(၁၅)ရက်မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။  အဲဒီခရီးစဉ်မှာ ဂျဘတ်ဖ် ဇရစ်ဖ်က ဗြိတိန်၊ ပြင်သစ်နဲ့ဂျာမနီ ၀န်ကြီးတွေနဲ့အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အီရန်ဟာ(၂၀၁၅)ခုနှစ်တုန်းက နိုင်ငံတကာနျူကလီးယားသဘောတူညီချက်မှာလက်မှတ်ရေးထိုးခဲ့ပြီးနောက် အီရန်ရဲ့နျူကလီးယားလုပ်ငန်းစဉ်တွေကိုအဲဒီသဘောတူစာချုပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ နိုင်ငံတကာကလည်း အီရန်ကိုအရေးယူပိတ်ဆို့မှုတွေရုပ်သိမ်းပေးခဲ့ပါတယ်။

နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန်နှုတ်ထွက်ခဲ့ပြီးနောက် စာချုပ်ချုပ်ဆိုနိုင်ခဲ့စဉ်ကရုပ်သိမ်းပေးခဲ့တဲ့ပိတ်ဆို့မှုတွေကို အရင်အတိုင်း ပြန်လုပ်သွားမယ်လို့ သမ္မတထရမ့်က မေလ(၈)ရက်မှာကြေညာခဲ့ပါတယ်။ ဥရောပအင်အားကြီး နိုင်ငံတွေက နျူကလီးယားသဘောတူညီချက်ကိုအာမခံချက်မပေးနိုင်ရင် အကန့်အသတ်မရှိ ယူရေနီယံသန့်စင်တဲ့ လုပ်ငန်းစဉ်တွေ ပြန်လည်စတင်ဖို့ပြင်ဆင်နေကြောင်း၊ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေ ရှိနေပေမယ့် အီရန်ရဲ့ကုန်သွယ်ရေးဆက်ဆံမှုတွေကိုထိန်းသိမ်းနိုင်ကြောင်းကို အစည်းအဝေးမှာ ဂျဘတ်ဖ် ဇရစ်ဖ်ကပြောခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး “ဂျဘတ်ဖ် ဇရစ်ဖ်”ဟာ နိုင်ငံအတော်များများမှာ အစည်းအဝေးပွဲတွေ အလျင်အမြန်လုပ်နိုင်ခဲ့ပြီး ရုရှား၊ တရုတ်နဲ့သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံ(၂)ခုကိုပါသွားရောက်ခဲ့ပါတယ်။ 

 

 

Related News