အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ကိုရီးယား(၂)နိုင်ငံကြားဆွေးနွေးမှု တွေကို ရပ်ဆိုင်းဖို့ မြောက်ကိုရီးယားရဲ့ထုတ်ပြန်ချက်ကြောင့် နောင်တရမိတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန် ကြီးဌာနပြောခွင့်ရှိသူကပြောပါတယ်။ ဒီနေ့မေလ(၁၆)ရက်မှာ ကျင်းပဖို့ရှိနေတဲ့ ကိုရီးယား(၂)နိုင်ငံကြားဆွေးနွေးမှုတွေကို မြောက်ကိုရီးယားဘက်က တစ်ဖက်သတ် ဖျက်သိမ်းခဲ့တာကြောင့် နောင်တရမိတယ်လို့ တောင်ကိုရီးယားဘက်ကပြောပြီး ဆွေးနွေးမှုတွေအမြန်ဆုံးပြန်လုပ်ဖို့လည်း မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ပါတယ်။
 
တောင်ကိုရီးယားနဲ့ ထိပ်သီးအဆင့်ဆွေးနွေးမှုတွေကို ဖျက်သိမ်းထားတယ်လို့ မြောက် ကိုရီးယားနိုင်ငံပိုင်(KCNA)သတင်းဌာနကအစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။ လတ်တလောပြုလုပ်နေတဲ့ အမေရိကန်-တောင်ကိုရီးယားလေကြောင်းပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြားသဘောတူညီချက်တွေနဲ့ မကိုက်ညီ တာကြောင့် အခုလိုဖျက်သိမ်းခဲ့တာဖြစ်ပြီး ဇွန်လ(၁၂)ရက်မှာကျင်းပမယ့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံကို လည်း ဖျက်သိမ်းသွားမယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ထားပါတယ်။
 
ပန်မွန်ဂျွန်းသဘောတူညီချက်တွေကို ဆက် ပြီးအကောင်အထည်ဖော်သွားမယ်လို့ တောင်ကိုရီးယားအစိုးရက ကတိပြုထားပြီး ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းကြွယ်ဝရေးအ တွက် ဆွေးနွေးမှုတွေအမြန်ဆုံးပြန်လုပ်သွားဖို့ မြောက်ကိုရီးယားကိုတိုက်တွန်းတယ်လို့ တောင်ကိုရီးယားပြန်လည်ပေါင်းစည်း ရေးဝန်ကြီးဌာနပြောခွင့်ရှိသူ ဘတ်တေးဟွန်းကပြောတယ်ဆိုပြီး ယွန်ဟတ်သတင်းဌာနက သတင်းဖော်ပြပါတယ်။ ဧပြီလ(၂၇) ရက်က ကိုရီးယား(၂)နိုင်ငံနယ်စပ်ပန်မွန်ဂျွန်းကျေးရွာမှာပြုလုပ်ခဲ့တဲ့ ကိုရီးယား(၂)နိုင်ငံထိပ်သီးညီလာခံအပြီးမှာ ကိုရီးယားကျွန်း ဆွယ်မှာ နျူကလီးယားလက်နက်အပြီးသတ်ဖျက်သိမ်းဖို့၊ (၂)နိုင်ငံကြားပြင်းထန်တဲ့အပြုအမူတွေကိုရပ်ဆိုင်းဖို့နဲ့ နယ်စပ်ဖြတ် ကျော်ပူးပေါင်းဆောင်ရွက်မှုတွေ ဖြန့်ကျက်ဖို့သဘောတူခဲ့ပါတယ်။ 
 
 
 
 
 

Related News