မေလ(၁၉)ရက်က ရုရှားနိုင်ငံ၊ ချေချင်ညာဒေသမြို့တော်ဂရော့ဇ်နီမှာရှိတဲ့ ရှေးရိုးစွဲခရစ်ယာန် ဘုရားကျောင်း(၁)ကျောင်းကို ခွဲထွက်ရေးသမားတွေက၀င်တိုက်ခဲ့လို့ စုစုပေါင်းလူ(၇)ဦး သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးခဲ့သူ တွေက ရဲအရာရှိ(၂)ဦး၊ အရပ်သား(၁)ဦးနဲ့ ခွဲထွက်ရေးသမား(၄)ဦးတို့ဖြစ်ပါတယ်။ ဒေသတွင်းတည်ငြိမ်မှု ပျက်စေဖို့ အစ္စလာမ် ဘာသာဝင်တွေရဲ့ဥပုသ်လမှာ အဲဒီဘုရားကျောင်းကိုတိုက်ခိုက်ခဲ့တာလို့ မြောက်ကော့ကေးဆပ်ပြည်နယ်၊ မွတ်စလင်များညှိနှိုင်း ရေးစင်တာဥက္ကဋ္ဌဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် အစ္စမေးလ် ဘာဒီယက်ဗ်ကပြောပါတယ်။

ဘုရားကျောင်းကိုတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေက ဓားတွေ၊ ပုဆိန်တွေနဲ့ လက်လုပ်မီးလောင်ဗုံးတွေကိုင်လာကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အကြမ်းဖက်သမားတွေထဲက(၂)ဦးဟာ ဂရော့ဇ်နီမြို့နားမှာရှိတဲ့ ရွာတွေမှာနေကြသူတွေလို့ ချေချင်ညာသမ္မတရမ်ဇမ် ကာဒီရော့ဗ်ကပြောပါတယ်။ အဲဒီအကြမ်းဖက် အဖွဲ့ခေါင်းဆောင်က ဒေသခံဖြစ်တယ်လို့ ချေချင်ညာပြည်ထဲရေးဝန်ကြီးဌာနကအတည်ပြုပါတယ်။ ခွဲထွက်ရေးသမားတွေက အနောက်နိုင်ငံ(၁)နိုင်ငံရဲ့ ညွှန်ကြားချက်အတိုင်း နိုင်ငံတွင်းက ဘာသာခြားတွေကို ဓားစာခံအနေနဲ့ ဖမ်းဖို့ရှာဖွေနေတယ်လို့ အစောပိုင်းမှာ ကာဒီရော့ဗ်က ပြောထားပါတယ်။ 

 

 

Related News