မေလ(၂၀)ရက်၊ နေ့လည်ပိုင်းက တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာရှိတဲ့ ဒါလီမြို့နားက သစ်တော(၁)ခုမှာ တောမီးလောင်ခဲ့ပါတယ်။ ၀မ်ခိုင်ရွာနားက သုဿန်(၁)ခုမှာ မီးစလောင်ခဲ့တာလို့ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံဌာနက သတင်းဖော်ပြပါတယ်။ လေပြင်းတွေ တိုက်နေတာကြောင့် ပတ်ဝန်းကျင်ကသစ်တောကို မီးပျံ့နှံ့သွားတာလို့ သိရပါတယ်။ မီးညွန့်ကို ထိန်းနိုင်ဖို့ ကယ်ဆယ်ရေးသမားတွေ၊ ဒေသရဲတပ်ဖွဲ့နဲ့ သစ်တောရဲတပ်ဖွဲ့တို့အပြင် ရဟတ်ယာဉ်(၂)စီး ကပါ ၀ိုင်းကြိုးစားနေကြပြီး (၁၂)နာရီလောက်မီးလောင်ခဲ့ပြီးနောက် မီးညွန့်ကို ထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

 

 

 

Related News