ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်(စ်)ပိုးကြောင့် သေဆုံးသူ(၂၇)ဦးအထိရှိလာပြီလို့ ဇွန်လ(၆)ရက်မှာ ကုလသမဂ္ဂကအတည်ပြုခဲ့ပါ တယ်။ ပြီးခဲ့တဲ့လမှာ အီဘိုလာဗိုင်းရပ်စ်ပြန်လည်ပြန့်ပွားနေပြီလို့ အတည်ပြုနိုင်ခဲ့ကတည်းက ရောဂါမကူးစက်နိုင်စေဖို့ လူ(၃) သိန်းလောက်ကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)က အသိပညာပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂပြောခွင့်ရှိသူ စတီဖင် ဒျူရှားရစ်ကပြောပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်သားတွေရဲ့အကူအညီနဲ့ ယူနီဆက်ဖ်က အိမ်အရောက်အသိပညာ ပေးခဲ့ပြီး ဗိုင်းရပ်စ်ပိုးနဲ့ထိတွေ့နိုင်ချေပိုများတဲ့ အငှားကားယာဉ်မောင်းတွေလိုလူတွေကို ကူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ မီဒီယာတွေကိုပါ အသိပညာပေးရေးအတွက် တွန်းအားပေးနိုင် ခဲ့တယ်လို့ ဒျူရှားရစ်ကပြောပါတယ်။

နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရ ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံ ထားရဖွယ်ရှိသူ(၅၈)ဦးရှိနေပါတယ်။ (၃၇)ဦးကကူးစက်ခံထားရပြီး (၁၄)ဦးက ကူးစက်ခံထားရနိုင်ချေရှိသလို နောက်ထပ်(၇)ဦး ကတော့ သံသယဖြစ်ဖွယ်အခြေအနေရှိနေပြီး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူကတော့ (၂၇)ဦးရှိနေပြီလို့ ဒျူရှားရစ်ကအတည်ပြုပါ တယ်။ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံထားရသူ(၁)ဦးက ပွဲလမ်းသဘင်(၁)ခုခုကိုတက်ရောက်ခဲ့တာနဲ့ နောက်ထပ်လူတွေကို ကူး စက်နိုင်တာကြောင့် ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတိရှိကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က တိုက်တွန်းနေပါတယ်။ ကွန်ဂိုနိုင် ငံမှာ (၁၉၇၆)ခုနှစ်ကအီဘိုလာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ပြီးနောက် အခုဗိုင်းရပ်စ်ပျံ့နှံ့မှုက (၉)ကြိမ်မြောက်ဖြစ်ပါတယ်။ 

 

 

Related News