အာရှစလင်းမ်ဆိုတဲ့ အဆီကျဆေးကြော်ငြာတွေမှာ လိမ်လည်ထားတဲ့အချက်တွေပါဝင်နေတဲ့အတွက် အဲဒီဆေးထုတ်လုပ်မှုကေို ထိုင်းအာဏာပိုင်တွေကဖြိုခွဲခဲ့ပါတယ်။ တရားမ၀င်ကိုယ်အလေးချိန်ထိန်းဆေးတွေနဲ့ အလှကုန်တွေအသုံးပြုတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုရဲ့တစိတ်တပိုင်းအနေနဲ့ အခုလိုဖြိုခွဲခဲ့တာလို့ ထိုင်းပြည့်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ထိုင်းအစားအသောက်နှင့်ဆေးဝါး စီမံခန့်ခွဲရေးဌာန(FDA)တို့ကကြေညာခဲ့ပါတယ်။ ထိုင်းဥပဒေအရပိတ်ပင်ထားတဲ့ဓာတုပစ္စည်းတွေကို နန်ခွန် ရက်ချာစီမာခရိုင်က အာရှစလင်းမ်ဆေးထုတ်လုပ်ရေးစက်ရုံ(၄)ခုမှာ အသုံးပြုနေတာလို့ သတင်းရခဲ့တာကြောင့် ဇွန်လ(၆)ရက်မှာထိုင်းရဲတပ်ဖွဲ့က၀င် ရောက်စီးနင်းခဲ့ပါတယ်။

အဲဒီစက်ရုံတွေက ပစ္စည်းတွေမှာ တံဆိပ်အတုတွေကပ်ထားတဲ့အတွက် ထိုင်းဥပဒေတွေကိုချိုးဖောက်ခဲ့ တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ တရားမ၀င်ပစ္စည်းများဆိုင်ရာဥပဒေတွေကိုချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိကိုတော့ ဓာတ်ခွဲခန်းမှာ ထပ်စစ်ဆေးသွားမယ်လို့ ထိုင်းFDAအရာရှိတွေကပြောပါတယ်။ အဆီကျဆေးတွေမှာထည့်သုံးတဲ့ဓာတုပစ္စည်း(၁)ခုကို သုံးစွဲမယ် ဆိုရင် ထောင်ဒဏ်(၁)နှစ်နဲ့ ငွေဒဏ်ထိုင်းဘတ်ငွေ(၁)သိန်းအထိပေးဆောင်ရဖို့ ပြီးခဲ့တဲ့မေလမှာသတ်မှတ်ခဲ့ပါတယ်။ 

 

 

Related News