တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက လျောင်နင်းပြည်နယ်၊ ဘန်ဇီမြို့မှာရှိတဲ့သတ္တုတွင်းပေါက်ကွဲမှုကနေ ထိခိုက်ဒဏ်ရာမရတဲ့လူ (၂၃)ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသအာဏာပိုင်တွေကပြောတယ်ဆိုပြီး တရုတ်နိုင်ငံပိုင်CCTVရုပ်သံက သတင်းဖော်ပြပါ တယ်။ ပေါက်ကွဲမှုကြောင့် လူ(၁၁)ဦးသေဆုံးခဲ့ပြီး နောက်ထပ်လူ(၂)ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ကယ်ဆယ်နိုင်ခဲ့သူ (၂၃)ဦးကို ဘန်ဇီဗဟိုဆေးရုံကိုပို့ဆောင်ထားပြီး ကုသမှုပေးနေပါတယ်။ အဲဒီလူတွေမှာ မြင်သာတဲ့ ဒဏ်ရာရခဲ့တာမျိုးတွေမရှိဘူး လို့ ဒုတိယဆေးရုံအုပ်လျန်ဝေကပြောပါတယ်။ လုပ်သား(၁)ဦးက ဒူးမှာပွန်းပဲ့ခဲ့ပြီး နောက်တစ်ယောက်က လက်သန်းကအရိုး ကျိုးခဲ့ပေမဲ့ ကျန်တဲ့သူတွေကတော့ ဒဏ်ရာမရခဲ့ဘူးလို့ လျန်ဝေကအတည်ပြုခဲ့ပါတယ်။

အပြင်ပိုင်အထိအခိုက်မရှိခဲ့ပေမဲ့ မြေ အောက်ထဲမှာ နာရီချီပိတ်မိခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ ဖြစ်လာနိုင်တဲ့ပြ ဿနာတွေကို ဖော်ထုတ်ဖိုနဲ့ဖယ်ရှားဖို့ တတ်နိုင်သမျှအားထုတ်နေပါတယ်။ သူတို့ကို စိတ်ရောဂါဆရာဝန်တွေက တိုင်ပင်ဆွေး နွေးပေးနေကြပြီး တရုတ်ဆေးတက္ကသိုလ်က စိတ်ရောဂါဆရာဝန်(၁)ဦးစေလွှတ်ထားသလို တရုတ်ဗဟိုအစိုးရကစေလွှတ်ထားတဲ့ စိတ်ရောဂါဆရာဝန်(၂)ဦးကလည်း ဇွန်လ(၇)ရက်မှာရောက်ရှိခဲ့တယ်လို့ လျန်ကအတည်ပြုပါတယ်။ လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်ပြီးသွားရင် အဲဒီ(၂၃)ဦးထဲကလူတော်တော်များများက ဆေးရုံကနေဆင်းရမယ်လို့ သိရပါတယ်။

 

 

Related News