ဇွန်လ(၅)ရက်က တရုတ် နိုင်ငံတောင်ပိုင်းမှာ(၄)ကြိမ်မြောက်တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက်ရေကြီးမှုတွေ ဆက်ဖြစ်နေပြီး ဂွမ်ဒေါင်းပြည်နယ်က စီရင်စု(၆၅)ခုနဲ့ ခရိုင်(၂၃)ခုက ဒေသခံတွေကိုမိုးသက်မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၅)ရက်က တရုတ်နိုင်ငံတောင်ပိုင်းမှာ(၄)ကြိမ်မြောက်တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် ရက်အနည်းငယ်အ ကြာမှာ တတိယအကြိမ်မြောက်အဖြစ် ဂျီယန်းလင်းခ်စီရင်စုမှာဇွန်လ(၇)ရက်ကရေကြီးခဲ့ပါတယ်။

အစောပိုင်းမှာ အဲဒီတိုင်ဖွန်း မုန်တိုင်းက ဂွမ်ဒေါင်းပြည်နယ် ဇူဝမ်ကမ်းရိုးတန်းမှာတိုက်ခတ်ခဲ့ပြီး ဟန်ကျိုး၊ ဟိုင်နန် ပြည်နယ်တွေဘက်မှာအားပျော့သွားခဲ့တာ ဖြစ်ပါတယ်။ အခုတိုက်ခတ်ခဲ့တဲ့မုန်တိုင်းက အပူပိုင်းမုန်တိုင်းအဖြစ် တိုက်ခတ်ခဲ့တာဖြစ်ပြီး အမြင့်ဆုံးလေတိုက်နှုန်းနဲ့ တိုက်ခတ်ခဲ့တာလို့ တရုတ်နိုင်ငံပိုင် CCTVသတင်းဌာနကသတင်းဖော်ပြပါတယ်။

လေတိုက်နှုန်းမပြင်းထန်ခဲ့ပေမဲ့ အဲဒီမုန်တိုင်းကြောင့် မိုးကြီး ခဲ့ပြီး ရေကြီးမှုတွေဆက်ဖြစ်နေတာလို့ ဒေသမိုးလေ၀သဌာနတာဝန်ရှိသူတွေကပြောပါတယ်။ ဂွမ်ဒေါင်းပြည်နယ်အတွင်းက စီရင်စု(၆၅)ခုနဲ့ ခရိုင်(၂၃)ခုက ဒေသခံတွေကို မိုးသက်မုန်တိုင်းသတိပေးချက်ထုတ်ပြန်ထားပြီး ဖိုရှန်၊ ဇူဟိုင်းနဲ့ ဟွန်ရှန်း မြို့တွေကိုအနီရောင်သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ဒေသအာဏာပိုင်တွေကအတည်ပြုပါတယ်။

ဇွန်လ(၈)ရက် မနက်ပိုင်း မှာ ကွမ်ကျိုးမြို့မိုးလေ၀သအခြေအနေကို အ၀ါရောင်သတိပေးချက်ကနေ လိမ္မော်ရောင်သတိပေးချက်အဖြစ်အဆင့်မြှင့်ပြောင်း လဲသတိပေးထားတယ်လို့သိရပါတယ်။ အခုမုန်တိုင်းကြောင့် ဇူဂျင်မြစ်ဝကျွန်းပေါ်ဒေသမှာ အများဆုံးမိုးကြီးခဲ့တာဖြစ်ပြီး လမ်းတွေ ပေါ်ရေလွှမ်းမိုးမှုကြောင့်ယာဉ်ကြောပိတ်ဆို့မှုတွေလည်းရှိနေပါတယ်။ 

 

 

Related News