အခုလ(၁၂)ရက်မှာကျင်းပမယ့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီညီလာခံကနေ (၂)နိုင်ငံဆက်ဆံရေးသစ်တစ်ရပ်ကို ထူထောင် နိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်ဆိုပြီး မြောက်ကိုရီးယားဘက်ကပြောပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးသစ်တစ်ရပ်ကို ထူထောင်နိုင်လိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွေမှာ သတင်းဖော်ပြနေပါတယ်။ မနက်ဖြန်မနက်ပိုင်းမှာကျင်းပယ့် ပထမဆုံးအမေရိကန်-မြောက်ကိုရီးယားထိပ်သီးအ စည်းအဝေးမတိုင်ခင်မှာ မြောက်ကိုရီးယားဘက်က အခုလိုဖော်ပြတာပါ။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ တွေမှာ ခေါင်းဆောင် တွေရဲ့လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီဖော်ပြလေ့မရှိသလို ထိပ်သီးအစည်းအဝေးအကြောင်းကိုလည်း အပေါ်ယံလောက်ပဲ ဖော်ပြလေ့ရှိပေမဲ့ ခေါင်းဆောင်ကင်က သမ္မတထရမ့်နဲ့တွေ့ဆုံဖို့ စင်ကာပူနိုင်ငံကို ထွက်ခွာသွားပြီဖြစ်သလို ခေတ်သစ်ရဲ့ပြောင်း လဲနေတဲ့လိုအပ်ချက်တွေအတွက် ဆက်ဆံရေးသစ်တစ်ခုတည်ဆောက်သွားမယ်လို့ ရိုဒွန်ဆင်မွန်းသတင်းစာမှာဖော်ပြထားပါ တယ်။ အမေရိကန်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာ နှစ်ပေါင်းဆယ်ချီတင်းမာမှုတွေရှိခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။

မျှော်လင့်နေကြတဲ့ ထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တယ်လို့ ခံစားနေရတယ်ဆိုပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဇွန်လ(၁၀)ရက်မှာကတည်းက သမ္မတထရမ့်ရော၊ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရော စင်ကာပူနိုင်ငံ ကိုရောက်ရှိခဲ့ပြီး ခေါင်းဆောင်ကင်က ဇွန်လ(၁၀)ရက်နဲ့ သမ္မတထရမ့်က ဇွန်လ(၁၁)ရက်တို့မှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစည်းအဝေးမတိုင်မီကာလစင်ကာပူနိုင်ငံမှာ စိတ်လှုပ်ရှားမှုတွေရှိနေတယ်လို့ ဒီနေ့မနက်ပိုင်းမှာ သမ္မတထရမ့် ကတွစ်တာမှာရေးခဲ့ပါတယ်။ 

အစည်းအဝေးက မြောက်ကိုရီးယားနျူကလီးယားဖျက်သိမ်းရေးစတင်စေလိမ့်မယ်လို့ မျှော်လင့် တယ်ဆိုပြီးလည်း သမ္မတထရမ့်ကပြောခဲ့ပေမဲ့ မြောက်ကိုရီးယားရဲ့လိုလားချက်ကတော့ ဘာလဲဆိုတာကို အခုချိန်အထိ တိတိကျကျမသိရသေးပါဘူး။

 

 

Related News