အခု(၂၀၁၈)ခုနှစ်ရဲ့တတိယမြောက်တိုင်ဖွန်းမုန်တိုင်းအီဝီနီယာက တရုတ်နိုင်ငံကိုဝင်ရောက်ခဲ့တာကြောင့် တရုတ်နိုင်ငံ၊ အရှေ့ ပိုင်း၊ ဖူဂျန်းပြည်နယ်မှာ ဇွန်လ(၉)ရက်နဲ့(၁၀)ရက်တို့မှာ မိုးကြီးခဲ့တဲ့အတွက် ရွာအတော်များများမှာ ရေကြီးခဲ့ပါတယ်။

မြို့(၇)မြို့နဲ့ စီရင်စုတွေမှာ ဇွန်လ(၉)ရက်မနက်ပိုင်းကတည်းက (၂၄)နာရီအတွင်း မိုးရေချိန်(၅၀)မီလီမီတာထက်ပိုများခဲ့တယ်လို့ ဒေသမိုး လေ၀သအာဏာပိုင်တွေကပြောပါတယ်။ ဇွန်လ(၁၀)ရက်က လျန်ချန်းစီရင်စု၊ လောင်အန်းမြို့မှာ နာရီပိုင်းအတွင်းမိုးကြီးခဲ့တာ ကြောင့် မိုးရေချိန်(၁၅၀)မီလီမီတာကျော်အထိရှိခဲ့တာကြောင့် ဖေ့အန်းမြို့မှာ ရုတ်တရတ်မြစ်ရေမြင့်တက်လာတဲ့အတွက် ရွာတွေ မှာရေကြီးခဲ့ပါတယ်။  ရေကြီးမှုတွေဖြစ်နေတာကြောင့် ဒေသခံအယောက်(၁၈၀)ကျော်ကို ကယ်ဆယ်ရေးစခန်း(၁၀)ခုဆီရွှေ့ ပြောင်းပေးထားပါတယ်။ သေဆုံးတဲ့သူတော့မရှိသေးဘူးလို့ အာဏာပိုင်တွေကပြောပါတယ်။

ရေကြီးခဲ့တာကြောင့် ဖေ့အန်းမြို့က လယ်ယာမြေ(၈၀၀)ဟတ်တာလောက်ထိခိုက်ခဲ့သလို အိမ်ထောင်စု(၃၀၀၀)လောက်က ဓာတ်အားပြတ်တောက်နေပါတယ်။ လျှပ် စစ်ဌာနကလုပ်သား(၂၀၀)ကျော်လောက်က လာရောက်ပြင်ဆင်ပြီးနောက်ပိုင်းမှာတော့ ဓာတ်အားပြန်ရနေပါပြီ။ ဆက်တိုက်မိုး ကြီးနေတာကြောင့် ဇွန်လ(၁၀)ရက်နေ့လည်ပိုင်းမှာ ယွန်ဂန်မြို့နားက ယင်ရှာမီးရထားလမ်းတစ်လျှောက်မှာ မြေပြိုမှု(၂)ခုဖြစ်ခဲ့ ပါတယ်။ (၆)နာရီကျော်လောကအဲဒီရထားလမ်းတွေကိုပြင်ခဲ့ပြီးနောက် ရထားတွေပြန်ပြေးဆွဲနေပြီလို့ တရုတ်နိုင်ငံပိုင်CCTVရုပ်သံက သတင်းဖော်ပြပါတယ်။

 

Related News