ဥရောပကလပ်အသင်းအများစုရဲ့ ပစ်မှတ်ကစားသမားတစ်ဦးအဖြစ်ရှိနေတဲ့ ရိုးမားအသင်းဂိုးသမား အယ်လစ် ဆန်ဟာ့ ရဲ့အနာဂတ်နဲ့ပက်သက်ပြီး ဆုံးဖြတ်ချက်ချတော့မယ်လို့ ဖွင့်ဟခဲ့ပါတယ်။အယ်လစ်ဆန်ဟာ ရိုးမားအသင်းနဲ့အတူ ယခုနှစ်ရာသီမှာ အကောင်းဆုံးလက်စွမ်းပြခဲ့သူဖြစ်ပြီး လက်ရှိနွေရာသီ အပြောင်းအရွေ့မှာ ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ စပိန်ကလပ်အသင်းတစ်သင်းက အရခေါ်ယူဖို့စိတ်ဝင်ခြင်း ခံနေရသူဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်ကိုခေါ်ယူဖို့ ပရီးမီး ယားလိဂ်အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ ချယ်ဆီးအသင်းအပါအ၀င် စပိန်အင်အားကြီး ရီးယဲမက်ဒရစ်အသင်းတို့ ကစိတ်ဝင်စားနေပါတယ်။

လီဗာပူးအသင်းဟာ အသင်းမှဂိုးသမားတွေဖြစ်တဲ့ မစ်ဂနိုလက်စ်နဲ့ ကာရီးယက်စ်တို့ရဲ့ လက်စွမ်းပိုင်းမတည်ငြိမ်တဲ့အခြေနေကြောင့် အယ်လစ်ဆန်ကိုခေါ်ယူလိုနေပြီး ချယ်ဆီးအသင်းဟာလည်း အ သင်းမှာ အနာဂတ်မရေရာတဲ့ ကော်တိုရစ်ရဲ့နေရာအတွက် အစားထိုးခေါ်ယူလိုနေပါတယ်။ ရီးယဲမက်ဒရစ်က တော့ အသင်းမှာအသက်အရွယ်ရလာတဲ့ ကေလာနာဗက်စ်ရဲ့နေရာအတွက် အယ်လစ်ဆန်ကိုအဓိကပစ်မှတ် ထားခေါ်ယူလိုနေပါတယ်။

အဆိုပါအခြေနေတွေကို အယ်လစ်ဆန်အနေနဲ့ အမြန်ဆုံးအဆုံးသတ်လိုနေပြီး သူ့ရဲ့ အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဆုံးဖြတ်ချက်ချတော့မယ်လို့ သြစတြီးယားအသင်းကို (၃)ဂိုးပြတ်နဲ့အ နိုင်ရရှိခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်အပြီးမှာ ဖွင့်ဟခဲ့ပါတယ်။အယ်လစ်ဆန်ကပြောခဲ့ရာမှာ အရိုးသားဆုံးဝန်ခံ ရမယ်ဆိုပါက သူ့ရဲ့ အပြောင်းအရွေ့ကိစ္စရပ်တွေဟာ သူ့ရဲ့အေးဂျင့်အပေါ်မှာမူတည်တယ်လို့လည်း ဖွင့်ဟခဲ့ပါ တယ်။ အယ်လစ်ဆန်ဟာရိုးမားအသင်းနဲ့အတူ (၂၀၂၁)ခုနှစ်ထိစာချုပ်သက်တမ်းကျန်ရှိနေသူဖြစ်ပြီး သူ့ရဲ့တန် ကြေးဟာ လက်ရှိမှာယူသန်း(၆၀)ထိရှိနေပါတယ်။

အယ်လစ်ဆန်ဟာပြီးခဲ့တဲ့ (၂၀၁၇-၁၈)ဘောလုံးရာသီက ရိုး မားအသင်းအတွက် ပြိုင်ပွဲစုံ(၄၉)ပွဲပါဝင်ကစားခဲ့ရာမှာ (၂၂)ပွဲ Clean Sheets ရရှိအောင် စွမ်းဆောင်ထားသူဖြစ် ပါတယ်။ အခြားသောသတင်းတွေအရ အယ်လစ်ဆန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူးအသင်းဟာ ဘန် လေအသင်းမှ အင်္ဂလန်လက်ရွေးစင်ဂိုးသမား နစ်ပုတ်ကိုလည်း ခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။

 

Related News