ဇွန်လ(၁၀)ရက်က ဂျပန်နိုင်ငံ၊ ဖူကူရှီးမားစီရင်စုက မီနာမီစိုမာမြို့မှာကျင်းပတဲ့ နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို  ဂျပန်ဧက ရာဇ်အာခီဟီတိုနဲ့ကြင်ယာတော်မီချီကိုတို့ တက်ရောက်ခဲ့ပါတယ်။ အဲဒီမြို့ဟာ (၂၀၁၁)ခုနှစ်က ဆူနာမီလှိုင်းနဲ့ငလျင်ဒဏ်တွေ ကြောင့် အပျက်အစီးများခဲ့ပါတယ်။ ဖူကူရှီးမားစီရင်စုမှာ (၃)ရက်ကြာမယ့်ခရီးစဉ်ကို ဂျပန်ဧကရာဇ်နဲ့ကြင်ယာတော်တို့က ဇွန်လ (၁၀)ရက်မှာစတင်ခဲ့ပြီး အီဝါကီမြို့ကနေ မီနာမီစိုမာမြို့ကိုကြွခဲ့တာပါ။ အဲဒီခရီးစဉ်မှာ ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားစက်ရုံကို သွားရောက်မှာဖြစ်ပါတယ်။

(၂၀၁၉)ခုနှစ်၊ ဧပြီလမှာ ဂျပန်ဧကရာဇ်က ထီးနန်းစွန့်မှာဖြစ်လို့ အခုသစ်ပင်စိုက်ပျိုးပွဲက ဧကရာဇ်နဲ့ ကြင်ယာတော်တို့အတွက် နောက်ဆုံးဖြစ်ပါတယ်။ ဧကရာဇ်နဲ့ကြင်ယာတော်တို့က အနက်ရောင်နဲ့အနီရောင်ဂျပန်ထင်းရူးပင်နဲ့တ ခြားသစ်ပင်တွေကို စိုက်ပျိုးခဲ့ပြီး ဒီအပင်တွေက သဘာဝဘေးကာကွယ်ပေးနိုင်တဲ့ သစ်တောရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာမယ့်အ ပြင် အဲဒီသစ်ပင်တွေက ဖူကူရှီးမားပြန်လည်းထူထောင်ရေးအတွက် သင်္ကေတ(၁)ခုဖြစ်လာလိမ့်လို့လည်း ဒေသခံတွေကမျှော် လင့်နေပါတယ်။ ဒေသခံတွေနဲ့အတူသစ်ပင်စိုက်ရတဲ့အတွက် ၀မ်းသာမိတယ်လို့ ဂျပန်ဧကရာဇ်ကပြောပါတယ်။ သစ်ပင်စိုက်ပွဲက သစ်တောရဲ့အရေးပါမှုကို ပြည်သူတွေပိုနားလည်စေဖို့ အထောက်အကူပြုမယ်လို့လည်း ဂျပန်ဧကရာဇ်ကပြောပါတယ်။ ဇွန်လ (၁၂)ရက်မှာကျင်းပမယ့် ဆူနာမီဒဏ်သင့်သူတွေအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကိုလည်း ဧကရာဇ်နဲ့ ကြင် ယာတော်တို့ တက်ရောက်မှာဖြစ်ပါတယ်။ 

 

 

Related News