ဒီနေ့မနက် ပိုင်းမှာစတင်ကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံမှာ ဆွေးနွေးမှုတွေက လိုရင်းရောက်ပြီး ပရိယာယ်ကင်းမဲ့သလို သဘောတူညီချက်(၄)ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။

သဘောတူညီချက်(၄)ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အမေရိကန်-မြောက်ကိုရီ ယားထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးမှုတွေ ကပရိယာယ်တွေကင်းမဲ့ပြီး အကျိုးရှိခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းသွားမယ်လို့ အမေရိကန်ဘက်ကပြောခဲ့ပြီး ဒုံးကျည်စမ်းသပ်ရေးစခန်း(၁)ခုကို ဖျက်သိမ်းသွား မယ်လို့ မြောက်ကိုရီးယားဘက်ကကတိပြုခဲ့ပါတယ်။ ခေါင်းဆောင်(၂)ဦးရဲ့သဘောတူညီချက်တွေထဲ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ကတိပြုခဲ့တာလည်း ပါဝင်ပါတယ်။

နျူကလီးယားဖျက်သိမ်းရေးကိုလည်း လူသိရှင်ကြားလုပ်ဆောင်သွားမယ်လို့ ခေါင်းဆောင်ကင်ကပြောတယ်ဆိုပြီး သမ္မတထရမ့် ကပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ လူ့အခွင့်အရေးတိုးမြှင့်ပေးဖို့လည်း ခေါင်းဆောင်ကင်မ်နဲ့ ဆွေးနွေးခဲ့တယ်ဆိုပြီး သမ္မ တထရမ့်ကပြောပါတယ်။

အခုအစည်းအဝေးက နှစ်နိုင်ငံကြားတင်းမာမှုတွေလျှော့ချရေးနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး တို့ကို ဦးတည်ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ နောက်တစ်ဆင့်တက်ရေးပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် အမေရိကန် က မြောက်ကိုရီးယားကို လုံခြုံရေးအာမခံချက်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ မနက်ပိုင်းမှာ ခေါင်းဆောင်(၂)ဦးစတွေ့ခဲ့စဉ်က လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး (၂)ဦးတည်းတွေ့ဆုံဆွေးနွေးခဲ့သလို နေ့လည်ပိုင်းမှာတော့ အကြံပေးတွေနဲ့အတူ နေ့လည်စာသုံး ဆောင်ခဲ့ပါတယ်။ အခုအစည်းအဝေးနဲ့ပတ်သက်လို့ အပြုသဘောသုံးသပ်ချက်တွေရှိနေသလို မြောက်ကိုရီးယားရဲ့ဝါဒဖြန့်တဲ့အ ခမ်းအနားတစ်ခုလို့ ဝေဖန်သုံးသပ်နေတာတွေလည်းရှိနေပါတယ်။

 

 

Related News