ထိုင်းနိုင်ငံတောင်ပိုင်းယာလာခရိုင်က ဘန်နန်းဆန်တာမြို့ကအိမ်တစ်အိမ်မှာ ဇွန်လ(၁၁)ရက်မနက်ပိုင်းက ကားပေါ်ကနေပစ်ခတ် ခဲ့တာကြောင့် ရွာသားမွတ်ဆလင်(၅)ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေက ဆွေမျိုးတွေနဲ့အိမ်နီးချင်းတွေဖြစ်ပြီး နံနက်စာစား နေစဉ်မှာ တိုက်ခိုက်သူတွေက ဆိုင်ကယ်တွေနဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

M16ကျည်ဆန်ခွံတွေနဲ့ ပြောင်းချောသေနတ်ကျည်ဆန်ခွံတွေကို အိမ်နားမှာတွေ့ခဲ့ရတယ်လို့လည်းသိရပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိုစစ် ဆေးဖို့ ဘန်နန်းဆန်တာဆေးရုံကိုပို့ခဲ့ပြီး  သေနတ်သမား(၄)ဦးက ပစ်ခတ်ပြီးနောက် အခင်းဖြစ်ရာကနေထွက်သွားတာဖြစ်နိုင် တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကယူဆနေပါတယ်။

ပုဂ္ဂိုလ်ရေးမကျေလည်မှုတွေကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်နိုင်ပေမဲ့ ခွဲထွက်ရေး သမားတွေများတဲ့ခရိုင်မှာဖြစ်ခဲ့တာကြောင့် ခွဲထွက်ရေးသမားတွေရဲ့လက်ချက်ဖြစ်နိုင်တာကြောင့် အမြန်ဆုံးစုံစမ်းစစ်ဆေးသွား မယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက (၂၀၀၁)ခုနှစ်နောက်ပိုင်းမှာစတင်ခဲ့တဲ့ မူစလင်ခွဲထွက်ရေး လှုပ်ရှားမှုတွေကြောင့် လူ(၇၀၀၀)ကျော်သေဆုံးခဲ့ပါတယ်။

 

 

Related News