ဇွန်လ(၁၂)ရက်ကကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံဟာ အခုရာစုနှစ်အတွက် သတိရဖွယ်အကောင်း ဆုံးထိပ်သီးညီလာခံဖြစ်တယ်လို့ မြောက်ကိုရီးယားမီဒီယာတွေမှာ သတင်းဖော်ပြနေပါတယ်။ 

ဇွန်လ(၁၂)ရက်က စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးက မြောက်ကိုရီးယားနိုင်ငံ အတွက် အောင်ပွဲ(၁)ခုဖြစ်တယ်လို့ မြောက်ကိုရီးယားမီဒီယာတွေမှာ သတင်းဖော်ပြနေပါတယ်။ မြောက်ကိုရီးယားမီဒီယာတွေကို အစိုးရကချုပ်ကိုင်ထားပြီး အာဏာပိုင်တွေရဲ့လှုပ်ရှားမှုတွေကို အပြုသဘောပဲသတင်းဖော်ပြလေ့ရှိတဲ့အပြင် ခေါင်းဆောင်ကင်ဂျုံ အန်ရဲ့လှုပ်ရှားမှုတွေကိုလည်း တကယ်ဖြစ်နေတဲ့အချိန်မှာ သတင်းဖော်ပြခဲပါတယ်။ ဒါပေမဲ့ ဇွန်လ(၁၂)ရက်မှာ ကျင်းပခဲ့တဲ့ထိပ် သီးအစည်းအဝေးနဲ့ပတ်သက်ပြီး ဇွန်လ(၁၃)ရက်မနက်ပိုင်းမှာထုတ်ဝေခဲ့တဲ့ မြောက်ကိုရီးယားသတင်းစာတွေမှာ မျက်နှာဖုံးသ တင်းတွေမှာဖော်ပြခဲ့ပါတယ်။ နိုင်ငံပိုင်ရိုဒွန်ဆင်မွန်းသတင်းစာမှာတော့ အဲဒီအစည်းအဝေးက (၂၁)ရာစုနှစ်ရဲ့အကောင်းဆုံးထိပ် သီးအစည်းအဝေးဖြစ်တယ်လို့ သတင်းဖော်ပြပါတယ်။ 

နိုင်ငံပိုင်KCNAသတင်းမှာလည်း အတိတ်ကဖြစ်ရပ်တွေကို အစည်းအဝေး ကျင်းပပြီးရပ်တန့်နိုင်ခဲ့တာလို့ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ဆောင်းပါး(၁)ခုဖော်ပြထားပါတယ်။ ထိပ်သီးအစည်းအဝေးအပြီး ခေါင်းဆောင်(၂)ဦးက ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်သွားရေးနဲ့ တောင်ကိုရီးယား-အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုရပ်ဆိုင်းရေးစတာတွေမှာ သဘောတူနိုင်ခဲ့ကြပါတယ်။ နှစ်နိုင်ငံရဲ့ငြိမ်းချမ်းရေးရပြီး ကို ရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်မယ်လို့ မျှော်လင့်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ဇွန်လ(၁၂)ရက် မှာပြောပါတယ်။

 

 

Related News