မြောက်ကိုရီးယားနိုင်ငံက နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ရဲ့ စစ်ဆေးမှုတွေကိုလက်ခံရင် ဂျပန်နိုင်ငံဘက်ထောက် ပံ့မှုတွေပေးဖို့အစီအစဉ်ရှိနေတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ဇူလိုင်လ(၅)ရက်မှာပြောခဲ့ပါတယ်။  ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနဲ့ (IAEA)ညွှန်ကြားရေးမှူးချုပ် ယူကီရာအမန်နိုတို့ သြစတီးယားနိုင်ငံ ဗီယင်နာမြို့ရှိ (IAEA)ဌာနချုပ်မှာတွေ့ဆုံခဲ့စဉ်အခုလိုပြောခဲ့တာပါ။ 

မြောက်ကိုရီးယားနိုင်ငံဘက်က (IAEA)ရဲ့စစ်ဆေးမှုကိုလက်ခံရင်နည်းပညာ ပိုင်းဆိုင်ရာ အထောက်အပံ့တွေပေးသွားမယ့်အပြင် ကုန်ကျစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးဖို့ ဂျပန်နိုင်ငံဘက်က အသင့်ရှိနေတယ်လို့ ကိုနိုကပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလီးယားလက်နက်ကင်းစင်ရေးမှာ (IAEA)ကအဓိက အခန်းက ပါဝင်နေမှာဖြစ်တယ်လို့လည်း ကိုနို ကပြောပါတယ်။  (IAEA)ဘက်က ပြင်ဆင်မှုတွေကိုတစ်ဆင့်ပြီးတစ်ဆင့်လုပ် ဆောင်နေပြီး စစ်ဆေးရေးလုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ အမန်နိုက ပြောပါတယ်။   ဂျပန်နဲ့ (IAEA)တို့ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်းခေါင်းဆောင်(၂)ဦးစလုံးက သဘောတူခဲ့ကြပါတယ်။ 

 

 

Related News