ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက ဂျပန်နိုင်ငံမှာစံချိန်တင်မိုးရွာခဲ့တာကြောင့်ဖြစ်နေတဲ့ မြေပြိုမှုနဲ့ရေကြီးမှုတွေကြောင့် သေဆုံးသူ(၉၇)ဦးရှိလာပြီလို့ ဂျပန်အာဏာပိုင်တွေကအတည်ပြုထားပါတယ်။ဂျပန်နိုင်ငံအနောက်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက စံချိန်တင်မိုးရေချိန်ကြောင့် မြေပြိုမှုနဲ့ရေကြီးမှုတွေဖြစ်ခဲ့တဲ့အတွက် သေဆုံးသူ(၉၇)ဦးရှိလာပြီလို့ အာဏာပိုင်တွေကပြောတယ်ဆိုပြီး NHKသတင်းဌာနကဖော်ပြပါတယ်။

လူ(၃)ဦးကစိုးရိမ်ရတဲ့အ ခြေအနေမှာရှိနေပြီး နောက်ထပ်လူ(၅၆)ဦးပျောက်ဆုံးနေပါတယ်။ ဟီရိုရှီးမားစီရင်စုက အထိအခိုက်အများဆုံးဒေသဖြစ်ပြီး သေ ဆုံးသူ(၄၂)ဦးရှိနေပါတယ်။ အဲဟိုင်မဲစီရင်စုမှာတော့ သေဆုံးသူ(၂၃)ဦးရှိနေပြီး အိုကာယာမ၊ ကျိုတို၊ ယာမာဂူချီ၊ ဖူကူအိုကာ၊ ကာဂိုရှီမာ၊ ဟျိုဂို၊ ရှီဂါ၊ ဂီဖူ၊ ကိုချီနဲ့ ဆာဂါစီရင်စုတို့မှာလည်း သေဆုံးသူတွေရှိခဲ့ပါတယ်။

အပျက်အစီးအပြည့်အစုံကိုမသိရသေး တာကြောင့် သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်ပြီး သဘာဝဘေးခံခဲ့ရတဲ့နေရာတွေတိုင်းမှာ ကယ်ဆယ်ရေးဆောင်ရွက်နေ တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ အဆောက်အအုံ(၂၄)လုံးကိုပြိုကျသွားစေတဲ့ ဟီရိုရှီးမားစီရင်စုက မြေပြိုမှု(၁)ခုမှာ ပျောက်ဆုံးနေသူ(၂)ဦးကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပြီး အဲဒီမြေပြိုမှုကြောင့်ပဲ လူကြီး(၂)ဦးစိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ အဲဟိုင်မဲစီရင်စုမှာ ရွှံထဲမှာနစ်နေတဲ့ကလေး(၁)ဦးကိုတွေ့ရှိခဲ့ပြီး ဇူလိုင်လ(၉)ရက်ဒီနေ့မနက်ပိုင်းမှာသေဆုံးခဲ့တယ် လို့ အာဏာပိုင်တွေကအတည်ပြုပါတယ်။ ကျိုတိုစီရင်စုက အာယာဘဲမြို့မှာဖြစ်ပွားခဲ့တဲ့မြေပြိုမှုကြောင့်လည်း အမျိုးသား(၂)ဦးနဲ့ အမျိုးသမီး(၁)ဦးသေဆုံးခဲ့ပါတယ်။ 

 

 

 

Related News