ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံကသန်လမ်ဂူထဲမှာပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအတွက် လုပ်ငန်းပြန်စဖွယ်ရှိနေပြီး ပိတ်မိနေသူတွေကလည်း ကယ်ဆယ်ရေးသမားတွေကိုစောင့်ဆိုင်းနေပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်၊ သန်လမ်ဂူမှာပိတ်မိနေသေးတဲ့ကျောင်းသား(၈)ဦးနဲ့သူတို့ရဲ့နည်းပြဖြစ်သူတို့ဟာ ဂူထဲကထွက် နိုင်ရေးအတွက် ကယ်ဆယ်ရေးသမားတွေကိုစောင့်နေကြပြီး ကယ်ဆယ်ရေးသမားတွေကလည်း သူတို့ကိုကယ်ထုတ်ဖို့အဆင် သင့်ရှိနေပါတယ်။

ဇူလိုင်လ(၈)ရက်မနေ့ကညပိုင်းမှာတော့ ဂူထဲမှာပိတ်မိနေတဲ့မိုပါးအလယ်တန်းကျောင်းဘောလုံးအသင်းကစား သမား(၁၂)ဦးနဲ့ နည်းပြဖြစ်သူစုစုပေါင်း(၁၃)ဦးထဲက (၄)ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် နရွန်ဆက် အော့ဆိုတာနာခွန်ကပြောပါတယ်။ ညပိုင်းမှာ ကယ်ဆယ်ရေးရေငုပ်သမားတွေရဲ့အောက်ဆီဂျင်ဘူးတွေကိုပြန်ဖြည့်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေရပ်နားထားပြီး အခုရက်ပိုင်းမှာ မိုးကြီးလာဖွယ်ရှိတယ်လို့ ထိုင်းမိုးလေ၀သဌာနကခန့်မှန်းထားတဲ့အ တွက် ဇူလိုင်လ(၈)ရက်မနေမနက်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေစခဲ့တာပါ။ ဇူလိုင်လ(၉)ရက်ဒီနေ့မနက်ပိုင်းမှာ ဂူနားကအ ခြေအနေတွေအရ ကယ်ဆယ်ရေးလုပ်ငန်းတွေပြန်စနိုင်ချေရှိနေတယ်လို့သတင်းတွေမှာဖော်ပြနေပါတယ်။

အဲဒီနေရာနားမှာ အ ရေးပေါ်လူနာတင်ယာဉ်(၁၇)စီးလောက်ရှိနေပါတယ်။ ကယ်ထုတ်ထားနိုင်တဲ့ကလေးငယ်(၄)ဦးကလည်း ကျန်းမာရေးကောင်းနေ တယ်လို့အာဏာပိုင်တွေက ပြောထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေက (၃)(၄)ရက်ကြာနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောထားပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း မိုးထပ်ကြီးဖွယ်ရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အခုထက်ပိုပြီး ခပ် မြန်မြန်လုပ်ရဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်နေပါတယ်။ 

 

 

 

Related News