တူရကီနိုင်ငံအနောက်မြောက်ပိုင်းမှာ ဇူလိုင်လ(၈)ရက်က ရထားလမ်းချော်ခဲ့တာကြောင့် အနည်းဆုံးလူ(၂၄)ဦးသေဆုံးပြီး နောက်ထပ်လူ(၇၃)ဦးဒဏ်ရာရခဲ့ပါတယ်။ တူရကီနိုင်ငံ၊ အနောက်မြောက်ပိုင်းတီကီဒက်ဂ်ပြည်နယ်မှာ ဇူလိုင်လ(၈)ရက်က မီးရထားလမ်းချော်ခဲ့တာကြောင့် အနည်းဆုံးလူ (၂၄)ဦးသေဆုံးပြီး နောက်ထပ်လူ(၇၃)ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီရထားဟာ ဘူဂေးရီးယားနိုင်ငံနယ်စပ် ကာပီကူလေမြို့ကနေ တူရကီနိုင်ငံမြို့တော်အစ္စတန်ဘူလ်မြို့ကိုလာရောက်ခဲ့တာလို့ သတင်းတွေမှာဖော်ပြနေပါတယ်။

ရထားတွဲ(၆)တွဲလမ်းချော်ခဲ့ပြီး တွဲတွေပေါ်မှာ ခရီးသည်အယောက်(၃၆၀)လောက်ပါလာခဲ့တယ်လို့ တူရကီအစိုးရပိုင်TRTသတင်းဌာနကဖော်ပြပါတယ်။ ဘာ ကြောင့်လမ်းချော်ခဲ့သလဲဆိုတာကို တိတိကျကျမသိရသေးပေမဲ့ ရာသီဥတုဆိုးခဲ့တာနဲ့ မြေပြိုခဲ့တာကြောင့် လမ်းချော်ခဲ့တာလို့ အာဏာပိုင်တွေက ပြောနေပါတယ်။ တံတားတစ်စင်းပြိုကျခဲ့တာကြောင့် လမ်းချော်ခဲ့တာလို့ CNNကဖော်ပြပါတယ်။ အခင်းဖြစ်ရာ နေရာကနေ ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်တွေနဲ့ သယ်ထုတ်ခဲ့တယ်လို့ တီကီဒက်ဂ်ပြည်နယ်အုပ်ချုပ်ရေးမှူးမယ်မတ် ကျီလန် ကပြောတယ်ဆိုပြီး NTVရုပ်သံကဖော်ပြပါတယ်။ ရထားလမ်းချော်ခဲ့တာကိုသိခဲ့ပြီးနောက် ထိခိုက်သူတွေရဲ့မိသားစုတွေနဲ့ထပ်တူ ၀မ်းနည်းမိတယ်လို့ တူရကီသမ္မတအာဒိုဝမ်ကပြောပါတယ်။

 

 

 

 

Related News