အာဖဂန်နစ္စတန်အစိုးရရဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းချက်ကို တာလီဘန်စစ်သွေးကြွတွေက ပယ်ချလိုက်ပါတယ်။ နိုင်ငံခြား တပ်ဖွဲ့တွေအာဖဂန်မြေပေါ်မှာတပ်စွဲနေသရွေ့ အဲဒီဆွေးနွေးမှုမှာပါဝင်သွားမှာမဟုတ်ဘူးလို့တာလီဘန်တွေဘက်ကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လက မွတ်စလင်ဥပုသ်လအပြီးမှာ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား ယာယီစစ်ပြေငြိမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ တော့ နိုင်ငံအနှံ့မှာ အင်ပြည့်အားပြည့်သုံးနေတဲ့တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့အသေအပျောက်တွေက နိုင်ငံအရှေ့ပိုင်းကဂါဇ်နီပြည်နယ်ကလမ်းဘေးမှာထောင်ထားတဲ့မိုင်းတွေပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်(၃)ဦးသေဆုံးခဲ့တာ ပါ။

အခုနှစ်အောက်တိုဘာလမှာကျင်းပမယ့်အာဖဂန်အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးတင်းမာမှုတွေကြောင့် တိုက် ပွဲတွေဖြစ်နေပြီး အာဖဂန်နိုင်ငံရေးသမားတွေနဲ့တိုင်းရင်းသားလူမျိုးစုတွေထဲက သြဇာရှိသူတွေက ရွေးကောက်ပွဲမတိုင်ခင်ကာလ မှာ ထောက်ခံမဲတွေရရေးကြိုးပမ်းနေကြပါတယ်။ လာမယ့်နှစ်အစောပိုင်းမှာတော့ အာဖဂန်သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး လက်ရှိသမ္မတအာရှရပ်ဖ် ဂါနီကတော့ သမ္မတရွေးကောက်ပွဲမှာ ပြန်ပါဝင်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက အသေခံ ဗုံးခွဲမှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှာလူနည်းစုဖြစ်တဲ့ ဆစ်ခ်လူမျိုးတွေကိုကိုယ်စားပြုယှဉ်ပြိုင်မယ့်အမတ်လောင်း(၁)ဦးနဲ့နောက် ထပ်ဆစ်ခ်(၁၈)ဦးသေဆုံးခဲ့ပါတယ်။

 

 

Related News