တရုတ်နိုင်ငံအရှေ့ပိုင်းကျန်ရှီပြည်နယ်မှာ ပြီးခဲ့တဲ့(၂)ရက်လောက်ကမိုးကြီးခဲ့တာကြောင့် ဇူလိုင်လ(၇)ရက်မှာ ရေကြီးခဲ့ပါတယ်။ ရေကြီးမှုတွေကြောင့် ဒေသခံ(၆၇၀၀၀၀)၊ မြို့(၃၃)မြို့ကစိုက်ပျိုးမြေဟတ်တာ (၆၀၀၀၀)နဲ့ မြို့(၈)မြို့ထိခိုက်ခဲ့တယ်လို့ ကျန်ရှီရေ ဘေးထိန်းချုပ်ရေးဌာနကပြောပါတယ်။ ဒေသခံလူ(၁၄၀၀)ကျော်ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။ ဂျီအန်း စီရင်စုမှာလည်း ရေကြီးနေတာကြောင့် ကောက်ပဲသီးနှံတွေပျက်စီးခဲ့ပြီး အဆောက်အအုံအတော်များများလည်း ရေထဲမြုပ် နေပါတယ်။ ရေကြီးမှုကြောင့် ကျန်ရှီပြည်နယ်ကမြစ်ကမ်းပါး(၁)ခုပြိုကျခဲ့တယ်လို့ CCTVရုပ်သံကသတင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ (၂)ရက်အတွင်း ဂျန်းဒီကျန်းမြို့ရဲ့မိုးရေချိန်ဟာ အခုနှစ်နွေဦးကာလအတွင်း အများဆုံးဖြစ်တယ်လို့သိရပါတယ်။ ရေတက်လာ တာကြောင့် လမ်းတွေမှာရေကြီးနေပြီး ယာဉ်ကြောပိတ်ဆို့နေတဲ့အပြင် ကားတွေလည်းပျက်စီးနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ မိုးကြီးခဲ့တာကြောင့် ဖူကျိုးမြို့ထဲက ရွာအတော်များများကိုရေလွှမ်းမိုးခဲ့ပြီး ဒါချင်းရွာမှာလည်း ရေကြီးမှုကြောင့် အခက်အခဲတွေ့နေတဲ့အတွက် ရွာခံတွေသောက်ရေအခက်အခဲတွေ့နေပါတယ်။

 

 

 

Related News