ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း စံချိန်တင်မိုးရေချိန်ကြောင့် သေဆုံးသူ(၁၂၇)ဦးရှိလာပြီလို့ ဂျပန်အာဏာပိုင်တွေကပြောပါတယ်။ဂျပန်နိုင်ငံအနောက်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက ရေကြီးခဲ့တာနဲ့မြေပြိုခဲ့တာကြောင့် သေဆုံးသူ(၁၂၇)ဦးရှိလာပြီလို့ ဂျ ပန်အာဏာပိုင်တွေကပြောပါတယ်။ လူ(၂)ဦးက အသက်ရှင်တဲ့လက္ခဏာမရှိတော့သလို နောက်ထပ်လူ(၆၀)ဦးကလည်းပျောက် ဆုံးနေတယ်လို့သိရပါတယ်။

ဟီရိုရှီးမားစီရင်စုမှာ သေဆုံးသူ(၄၂)ဦးရှိနေပါတယ်။ အဲဟိုင်မဲ စီရင်စုမှာတော့ သေဆုံးသူ(၂၄)ဦးရှိ နေပြီး အိုကာယာမ စီရင်စုမှာတော့ သေဆုံးသူ(၄၈)ဦးရှိနေသလို ကျိုတို၊ ယာမာဂူချီ၊ ဖူကူအိုကာ၊ ကာဂိုရှီမာ၊ ဟျိုဂို၊ ရှီဂါ၊ ဂီဖူ၊ ကိုချီနဲ့ ဆာဂါစီရင်စုတို့မှာလည်း သေဆုံးသူတွေရှိခဲ့ပါတယ်။ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်ဖို့ စီရင်စုအာဏာပိုင်တွေကို ရန်ပုံငွေတွေပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘဲကပြော ပါတယ်။

ဒီနေ့ဇူလိုင်လ(၁၀)ရက်မနက်ပိုင်းမှာ အဲနိုကီမြစ်ကမ်းပါးကျိုးခဲ့တာကြောင့် ဟီရိုရှီးမားစီရင်စု၊ ဖူချူမြို့ခံတွေကို ဘေးလွတ် ရာရွှေ့ပြောင်းထားဖို့ အာဏာပိုင်တွေကညွှန်ကြားထားပါတယ်။ တစ်ချိန်တည်းမှာပဲ အိုကီနာဝါစီရင်စုက ဆာကီရှီမာကျွန်းစု တွေနားကို အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းမာရီယာက တစ်နာရီကိုကီလိုမီတာ(၃၀)နှုန်းနဲ့ ချည်းကပ်လာနေတယ်လို့ ဒီနေ့ဇူလိုင်လ (၁၀)ရက်မနက်ပိုင်းမှာ ဂျပန်မိုးလေ၀သအေဂျင်စီကထုတ်ပြန်ထားပါတယ်။မုန်တိုင်းဗဟိုချက်မှာ လေတိုက်နှုန်းက တစ်နာရီကို (၁၈၀)ကီလိုမီတာလောက်ရှိပြီး မုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခတ်နိုင်သလို လှိုင်းကြီးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါ တယ်။ 

 

 

 

Related News