အင်ဒိုနီးရှားနိုင်ငံ၊ ဘီနိုအာဆိပ်ကမ်းမီးလောင်မှုဟာ မတော်တဆမှုကြောင့်လား၊ ရှို့မီးကြောင့်လားဆိုတာကိုစုံစမ်းဖို့ အထူးအဖွဲ့ (၁)ဖွဲ့ဖွဲ့စည်းလိုက်တယ်လို့ အင်ဒိုနီးရှားစုံစမ်းရေးမှူးချုပ်ပီးထရပ်စ် ဂိုလို့စ်ကပြောပါတယ်။ အဲဒီမီးလောင်မှုကြောင့် ငါးဖမ်းလှေ (၃၉)စီးပျက်စီးခဲ့ပါတယ်။ အစောပိုင်းစုံစမ်းမှုတွေအရတော့ မီးလောင်မှုဟာ ထိန်းသိမ်းခံထားရပြီး ရဲတပ်ဖွဲ့ကစစ်ဆေးနေတဲ့ငါးဖမ်း လှေလုပ်သား(၁)ဦးရဲ့ပေါ့ဆမှုကြောင့်ဖြစ်တယ်လို့သိရပါတယ်။

ဇူလိုင်လ(၉)ရက်မနက်အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ ကျွန်းမှာရှိတဲ့ ဘီနိုအာဆိပ်ကမ်းရဲ့အနောက်ပိုင်းမှာမီးလောင်ခဲ့တာပါ။ (၁၂)နာရီလောက်ကြာမှ မီးထိန်းနိုင်ခဲ့ပြီးမီးလောင်မှုကြောင့် အင်ဒိုနီးရှားရူပီးယားငွေဘီလီယံ(၁၀၀)ဖိုးလောက်ပျက်စီးခဲ့ပါတယ်။ ဆိပ်ကမ်းမှာ လုံခြုံရေးအားနည်းတာကြောင့် ငါးဖမ်းလှေပိုင် ရှင်တွေနဲ့လုပ်သားတွေအနေနဲ့ ဂရုစိုက်ဖို့နဲ့ မီးလောင်မှုဖြစ်ပွားစေနိုင်တဲ့အပြုအမူတွေကိုရှောင်ရှားဖို့  ပီးထရပ်စ် ဂိုလို့စ်ကပြောပါ တယ်။

 

 

 

Related News