တရုတ်နိုင်ငံကနေတင်သွင်းတဲ့ သွေးတိုးရောဂါကာကွယ်ဆေးကုန်ကြမ်း တွေမှာ ကင်ဆာရောဂါစဖြစ်စေတဲ့ကာစီနိုဂျင်တွေပါဝင်နေတယ်ဆိုတဲ့တွေ့ရှိချက်ကြောင့် တောင်ကိုရီးယားနိုင်ငံတစ်ဝန်းကသွေးတိုး ရောဂါသည်(၆)သန်းလောက်က စိုးရိမ်နေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံသားကင်ယွန်ဆမ်းက သွေးတိုးကျဆေးတွေသောက်နေရတာ (၁၅)နှစ်ကြာပါပြီ။ တရုတ်နိုင်ငံကနေတင် သွင်းလာတဲ့သွေးတိုးကျဆေးကုန်ကြမ်းတွေမှာ ကင်ဆာရောဂါရဲ့အစဖြစ်တဲ့ ကာစီနိုဂျင်တွေပါဝင်နေတယ်ဆိုတဲ့သတင်းကြောင့် ကင်မ်တစ်ယောက်ထိတ်လန့်ခဲ့ပါတယ်။ 

ကာစီနိုဂျင်ပါတဲ့ဆေးတွေနဲ့ပတ်သက်ပြီး စိတ်မပူဘူးဆိုရင် ကျွန်တော်ကအရူးတစ်ယောက်ပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်သောက် နေတဲ့ဆေးက ကာစီနိုဂျင်ပါတဲ့ဆေးမဟုတ်တာကတော့ ကံကောင်းတယ်ပြောရမှာပါပဲ။ ကျွန်တော်တော်တော်ကံကောင်းခဲ့တာပါ။

တရုတ်နိုင်ငံလုပ်ဖြစ်ပြီးတော့ ဈေးကွက်ထဲမှာ ဒိုင်အိုဗန်ဆိုတဲ့နာမည်နဲ့သိကြတဲ့ ဗယ်လ်ဆာတန်ဆိုတဲ့သွေးတိုးကျဆေးကုန်ကြမ်း ဟာ သွေးတိုးကျဆေး(၂၁၉)မျိုးထဲက (၁၁၅)ခုမှာတွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယားအစားအသောက်နှင့်ဆေးဝါးဘေးကင်းရေး ၀န်ကြီးဌာနရဲ့စစ်ဆေးမှုအရသိရပါတယ်။ ဆေးတွေပြန်သိမ်းဖို့အဲဒီဝန်ကြီးဌာနကအမိန့်ထုတ်ထားပြီး အဲဒီဆေးတွေသောက်နေရတဲ့ဝေဒနာရှင်တွေကို နောက်ထပ်သွေးတိုးကျဆေးတွေသောက်သုံးဖို့နဲ့ ဆေးတွေကိုအခမဲ့လဲပေးဖို့လည်း ညွှန်ကြားထားပါတယ်။

ဒိုင်အိုဗန်မပါတဲ့ဆေး(၁၀၄)မျိုးကိုထုတ်လုပ်တဲ့ကုမ္ပဏီ(၄၆)ခုကို ထုတ်လုပ်ခွင့်ပိတ်ထားတာလည်း ပြန်ရုတ်သိမ်းလိုက်ပါပြီ။ တ ရုတ်နိုင်ငံလုပ်ဒိုင်အိုဗန်တွေလွဲရင် ကျန်တဲ့ဒိုင်အိုဗန်တွေက အန္တရာယ်မရှိဘူးလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ ပိတ်ပင်ထား တဲ့သွေးတိုးကျဆေးတွေကို တောင်ကိုရီးယားအစားအသောက်နှင့်ဆေးဝါးဘေးကင်းရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်မှာ ဖော်ပြထား ပြီး ဒိုင်အိုဗန်တွေရဲ့ဆိုးကျိုးတွေကို ထပ်ပြီးစုံစမ်းစစ်ဆေးသွားမယ်လို့လည်းပြောထားပါတယ်။ 

 

 

Related News