တရုတ်နိုင်ငံအရှေ့ပိုင်းကဖူဂျန်းပြည်နယ်၊ လျန်ဂျန်းကောင်တီမှာ ဇူလိုင်လ(၁၁)ရက်ဒီနေ့မနက်ပိုင်းက (၂၀၁၈)ခုနှစ်ရဲ့(၈)ခု မြောက်တိုင်ဖွန်းမုန်တိုင်းမာရီယာက လေတိုက်နှုန်းတစ်နာရီကို(၁၅၁)ကီလိုမီတာနှုန်းနဲ့ဝင်ရောက်ခဲ့တယ်လို့ ဒေသမိုးလေ၀ဌာန ကထုတ်ပြန်ပါတယ်။ မုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် မိုးကြီးနေပြီးလေပြင်းတွေတိုက်ခဲ့နေတဲ့အတွက် ကျောင်းတွေနဲ့ရုံးခန်းတွေ ကိုပိတ်ထားပါတယ်။ ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်လာနိုင်တယ်လို့ အာဏာပိုင်တွေကသတိပေးထားပြီး လူထောင်ချီကို ဘေး လွတ်ရာရွှေ့ပြောင်းထားပေမဲ့ မုန်တိုင်းကတော့ တိုင်ပေကိုဝင်ရောက်လာစဉ်မှာ အားပျော့ခဲ့ပါတယ်။

(၉)မီတာလောက်အထိရှိတဲ့ လှိုင်းတွေတက်လာတဲ့ ကမ်းခြေတွေကိုမသွားဖို့လည်း ဒေသခံတွေကို ညွှန်ကြားထားပါတယ်။ အထိအခိုက်ဘယ်လောက်ရှိသလဲ ဆိုတာ အာဏာပိုင်တွေက အတည်မပြုသေးပေမဲ့ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ လူ(၁)ယောက်ရေထဲပြုတ်ကျပြီးသေ ဆုံးခဲ့တယ်လို့သိရပါတယ်။ လူ(၃၅၀၀)လောက်ကိုဘေးလွတ်ရာရွှေ့ပြောင်းထားပြီး အိမ်(၄၃၀၀၀)လောက်မှာ လျှပ်စစ်မီးပြတ် တောက်နေသလို လေကြောင်းခရီးစဉ်ရာချီလည်း ထိခိုက်ခဲ့ပါတယ်။

 

 

 

Related News