နေတိုးအဖွဲ့ကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်မှုတွေရှိနေတဲ့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ဘက်အသုံးစရိတ်ကို (၂)ဆတိုးမြှင့်ဖို့ နေတိုးထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ဘက်အသုံးစရိတ်ကို နိုင်ငံရဲ့စုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး(GDP)ရဲ့(၄)ရာခိုင်နှုန်းအထိ အသုံးပြုမယ်လို့ ကတိပြုကြဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောခဲ့တာပါ။

ဇူလိုင်လ(၁၁)ရက်က ဘယ်လ်ဂျီယံနိုင်ငံမြို့ တော်ဘရပ်ဆဲလ်မှာပြုလုပ်ခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာပြောခဲ့တာပါ။ နေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံတွေကို အမေရိကန်က ကာကွယ်ပေးနေပေမဲ့ အမေရိကန်နဲ့ဥရောပနိုင်ငံတွေကြားကုန်သွယ်မှုကြောင့် အမေရိကန်ဟာ ဒေါ်လာဘီလီယံချီနစ်နာနေရ တယ်လို့ သမ္မတထရမ့်ကတွစ်တာမှာရေးခဲ့ပါတယ်။

အဓိကရည်မှန်းချက်ကတော့ (၂၀၂၅)ခုနှစ်မှာ နေတိုးအဖွဲ့ဝင်(၂၉)နိုင်ငံစလုံး ဟာ (GDP)ရဲ့(၂)ရာခိုင်နှုန်းကို စစ်ဘက်အသုံးစရိတ်အဖြစ်အသုံးပြုရေးဖြစ်တယ်လို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ်ဂျဲန်စ် စတိုလ်တန်ဘာ့ဂ်ျကပြောပါတယ်။ (၂၀၂၅)ခုနှစ်မှာ အဲဒီရည်မှန်းချက်ကိုပြည့်မီမှာက အမေရိကန်၊ ဗြိတိန်၊ ဂရိ၊ အက်စတိုးနီးယားနဲ့ လတ်ဗီးယားနိုင်ငံတို့ပဲရှိနေပြီး ပြင်သစ်နဲ့ပိုလန်နိုင်ငံအပါအ၀င်နောက်ထပ်နိုင်ငံတချို့ကတော့ ပြည့်မီလုနီးပါးရှိနေပေမဲ့ ကျန်တဲ့နိုင် ငံတွေကတော့ ပြည့်မီဖွယ်မရှိသေးပါဘူး။

ရုရှားနိုင်ငံကနေ ဂျာမနီနိုင်ငံက ရေနံဝယ်ယူနေတဲ့အတွက် ဂျာမနီဝန်ကြီးချုပ် အန်ဂျ လာ မာကယ်ကို သမ္မတထရမ့်ကဝေဖန်ခဲ့ပြီးနောက် ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသကို ရုရှားပိုင်အဖြစ်သတ်မှတ်ခဲ့တာ၊ ဆိုက် ဘာဝါဒဖြန့်နေတာနဲ့ နိုင်ငံ(၁)နိုင်ငံရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာဝင်ရောက်စွက်ဖက်တာတွေကို နေတိုးဘက်ကလက်မခံပေမဲ့ ရု ရှားနိုင်ငံနဲ့အဆက်အဆံမလုပ်တာကိုတော့ လက်မခံဘူးလို့လည်း စတိုလ်တန်ဘာ့ဂ်ျကပြောပါတယ်။

 

 

 

Related News