ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမယ့်အချိန်ဇယားနဲ့နည်းလမ်းတွေကို ကိုရီးယား(၂)နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ ထပ်ပြီးဆွေးနွေးနေကြ တယ်လို့ ဇူလိုင်လ(၁၂)ရက်က စင်ကာပူနိုင်ငံမှာ မီဒီယာတွေနဲ့တွေ့ဆုံခဲ့တုန်း တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်ကပြောပါတယ်။ ကိုရီးယားစစ်ပွဲကိုအဆုံးသတ်တာက ကိုရီးယားကျွန်းဆွယ်အမြဲတမ်းငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်တဲ့မှတ်တိုင်(၁)ခုဖြစ်တယ် လို့ သမ္မတမွန်းကပြောပါတယ်။ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင်တော့ ကိုရီးယားစစ်ပွဲပြီးဆုံးပြီဆိုတာကို နိုင်ငံရေးအရ ကြေညာနိုင်ပြီဖြစ်တယ်လို့လည်းပြောပါတယ်။ ဒါပေမဲ့ လုံခြုံရေးအာမခံချက်ရနိုင်ဖို့ မြောက်ကိုရီးယားနိုင်ငံကလိုလားနေတဲ့အချက် ကို သတိထားမိတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်။

အခုနှစ်ဧပြီလက ကိုရီးယား(၂)နိုင်ငံထိပ်သီးညီလာခံ ပြုလုပ်တုန်းကသဘောတူခဲ့တဲ့အတိုင်း (၂၀၁၈)ခုနှစ်မှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ သမ္မတမွန်းကတိုက်တွန်းနေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေနေရာချထားတာက အမေရိကန်-တောင်ကိုရီးယားပူးပေါင်းဆောင်ရွက်မှုသက် သက်ပဲဖြစ်ပြီး မြောက်ကိုရီးယားနျူကလီးယားအပြီးသတ်ဖျက်သိမ်းရေးဆွေးနွေးမှုတွေနဲ့မသက်ဆိုင်ဘူးလို့ သမ္မတမွန်းကပြောပါ တယ်။ သမ္မတမွန်းရဲ့အခုစင်ကာပူခရီးစဉ်က ပြီးခဲ့တဲ့(၁၅)နှစ်အတွင်း တောင်ကိုရီးယားသမ္မတ(၁)ဦးရဲ့ပထမဆုံးခရီးစဉ်ပါ။ ဇူလိုင် (၁၂)ရက်မှာ သမ္မတမွန်းနဲ့ စင်ကာပူဝန်ကြီးချုပ်လီ ရှန်လွန်းတို့တွေ့ဆုံခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ငြိမ်းချမ်းရေးတည် ဆောက်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

 

 

Related News