ရီးယဲယ်မက်ဒရစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုကျင်းပပြီးတိုင်း အဲဒီပြိုင်ပွဲမှကြယ်ပွင့်တွေကို အရခေါ်ယူလေ့ရှိပြီး ယခုနှစ်မှာလည်း အဲလိုထပ်မံလုပ်ဆောင်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားရဲ့ကြယ်ပွင့်တွေကို ခေါ်ယူလေ့ရှိသည့် ရီးယဲယ်မက်ဒရစ်ရီးယဲယ်မက်ဒရစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုကျင်းပပြီးတိုင်း အဲဒီပြိုင်ပွဲမှကြယ်ပွင့်တွေကို အရခေါ်ယူလေ့ရှိပြီး ယခုနှစ်မှာလည်း အဲလိုထပ်မံလုပ်ဆောင်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရီးယဲယ်မက်ဒရစ်အသင်းဟာ ပရိသတ်ထင်မှတ်မထားတဲ့အရာတွေကိုလုပ်လေ့ရှိပြီး ယခုနှစ်အပြောင်း အရွှေ့ကာလအတွင်းမှာ နည်းပြဇီဒန်းနဲ့ မထင်မှတ်ပဲ လမ်းခွဲမှု၊ အဓိက တိုက်စစ်မှူး စီရော်နယ်ဒိုကို ရောင်းချမှု တွေပြုလုပ်ခဲ့ပါတယ်။

ဒါ့ကြောင့်အပြောင်းအရွှေ့အတွင်းမှာလည်း ပရိသတ်အံ့အားသင့်လောက်တဲ့ ခေါ်ယူမှုတွေ ပြုလုပ်ဖို့ အသင်းပရိသတ်တွေက မျှော်လင့်နေပြီး ကမ္ဘာ့ဖလားအပြီးမှာ ကြယ်ပွင့်တစ်ဦးကို ခေါ်ယူမယ်လို့ ယုံကြည်နေကြပါတယ်။ ရီးယဲယ်မက်ဒရစ်အသင်းရဲ့ နောက်ပိုင်းနှစ်လုပ်ဆောင်ထားတဲ့အနေအထားအရ (၂၀၁၀) ကမ္ဘာ့ဖလားကစတင်ပြီး ကမ္ဘာ့ဖလားမှ ကြယ်ပွင့်တွေကို ခေါ်ယူကာ အသင်းမှာ အံဝင်စွာအသုံးချခဲ့တဲ့ သာဓကတွေရှိထားတာဖြစ်ပါတယ်။(၂၀၁၀)ခုနှစ်က ဂျာမနီအသင်းနဲ့ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ခီဒီရာနဲ့ အိုဇေးလ်တို့ကို အရခေါ်ယူခဲ့သလို အာဂျင်တီးနားအသင်းမှာ အရေးပါဆုံးကစားသမားဖြစ်ခဲ့တဲ့ ဒီမာရီ ယာကိုလည်း ခေါ်ယူခဲ့ပါတယ်။

အဲဒီကစားသမား(၃)ဦးစလုံးဟာ ရီးယဲယ်မက်ဒရစ်အသင်းကို ဥရောပမှာ ပြန် လည်ဦးမော့လာအောင်စွမ်းဆောင်ခဲ့တဲ့ ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပြီး နည်းပြမော်ရင်ညိုလက်ထက်မှာ အကောင်းဆုံးအသုံးတော်ခံခဲ့တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ရီးယဲယ်မက်ဒရစ်အသင်းဟာ (၂၀၁၄)ကမ္ဘာ့ဖ လားအပြီးမှာလည်း ကမ္ဘာ့ဖလားရဲ့ ကြယ်ပွင့်တွေဖြစ်ခဲ့တဲ့ အကောင်းဆုံးသွင်းဂိုးဆုရှင် ဂျိမ်းရိုဒရီဂွက်၊ ဂျာမနီ အသင်းကို ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲအောင်အဓိက နေရာက စွမ်းဆောင်ခဲ့တဲ့ တိုနီကရူးစ်နဲ့ ပြိုင်ပွဲရဲ့ကွာတားဖိုင် နယ်ထိတက်ရောက်ရာမှာ (၂)ဂိုးသာပေးခဲ့ရတဲ့ ကော်စတာရီကာဂိုးသမား ကေလာနက်ဗက်တို့ကို ခေါ်ယူခဲ့ပါ တယ်။

လက်ရှိမှာ ဂျိမ်းရိုဒရီဂွက်ကို ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချထားပေမယ့် တိုနီကရူးစ်နဲ့ ကေလာနက် ဗက်တို့က အသင်းရဲ့ အဓိက ကစားသမားအဖြစ်ရှိနေပြီး ချန်ပီယံလိဂ်ဖလားဆက်တိုက်ရရှိရာမှာ အဓိကနေရာ ကရှိနေသူတွေဖြစ်ပါတယ်။ ယခုနှစ်ကမ္ဘာ့ဖလားအပြီးမှာလည်း ရီးယဲယ်မက်ဒရစ်အသင်းက စီရော်နယ်ဒိုနေရာ အစားထိုးဖို့ပါရှိနေတဲ့အတွက် ကြယ်ပွင့်တွေကို ခေါ်ယူဖို့ရှိနေပြီး နေမာ၊ ဘာပေနဲ့ ဟာဇက်တို့ကို စောင့်ကြည့်နေ တာဖြစ်ပါတယ်။ အသင်းတာဝန်ရှိသူတွေကတော့ နေမာကို ခေါ်ယူဖို့ဆန္ဒရှိပေမယ့် PSG အသင်းက ရောင်းချလို ခြင်းမရှိတာကြောင့် ချယ်ဆီးမှ ဟာဇက်ကိုသာ ဦးစွာကြိုးစားသွားဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ရီးယဲယ်မက်ဒရစ် အသင်းဟာ ပရိသတ်ထင်မှတ်မထားတွေ လုပ်ပြလေ့ရှိတာကြောင့် နောက်ထပ်တစ်ကြိမ်အံ့အားသင့်စရာတွေ ထပ်မံလုပ်ပြဦးမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

 


 

Related News