ပြီးခဲ့တဲ့သီတင်းပတ် ကုန်ပိုင်းကဂျပန်နိုင်ငံ၊အီဟိုင်မီစီရင်စုမှာ ရေကြီးမှုဒဏ်ကိုအများဆုံးခံခဲ့ရတာကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲက သွားရောက်ညွှန်ကြားခဲ့ပါတယ်။  ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကမိုးကြီးခဲ့တာကြောင့် ရေကြီး၊မြေပြိုတာတွေဖြစ်ခဲ့ပြီး ဂျပန်နိုင်ငံအနောက်ပိုင်းမှာ ထိခိုက်မှုအများဆုံးဖြစ်တဲ့ အီဟိုင်မီစီရင်စုကို ဇူလိုင်(၁၃)ရက်က ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက သွားရောက်ကြည့်ရှု ခဲ့ပါတယ်။ 

ရေကြီးမှုဒဏ်ကိုအဆိုးဝါးဆုံးခံနေရတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ တတ်နိုင်သမျှ ဂျပန်အစိုးရဘက်က ကူညီ ပေးသွားမယ်လို့လည်း အာဘဲကပြောပါတယ်။ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကဆက်လက်ထောက်ပံ့ဖို့အကူအညီ တောင်း ခံခဲ့တဲ့အီဟိုင်မီစီရင်စုအုပ်ချုပ်ရေးမှူးတိုကီဟီရိုနာကာမူရာနဲ့လည်းဝန်ကြီးချုပ်အာဘဲကတွေ့ဆုံခဲ့ပါတယ်။ရေ ထောက်ပံ့ရေးပစ္စည်း အပါအ၀င်အခြေခံအဆောက်အအုံတွေ ပြန်တည်ဆောက်နိုင်ရေးအတွက်လည်း နာကာမူရာက အကူအညီ တောင်းခံခဲ့ပါတယ်။ ဇူလိုင်လ(၇)ရက်က ရေလျှံနေတဲ့ဆည်(၂)ခုကိုဖောက်ဖို့ အာဏာပိုင်တွေကဆုံးဖြတ်ခဲ့ပြီးနောက် လမ်းတွေပေါ်ကိုရွှံရည်တွေတ ဟုန်ထိုးစီးဆင်းလာတဲ့အတွက် လူ(၄)ဥိးသေဆုံးပြီး အိမ်ပေါင်း(၄၆၀၀) ပျက်စီးခဲ့ပါတယ်။

တဟုန်ထိုးစီးဆင်းလာတဲ့ရေတွေကို ရှောင်ဖို့ အချိန်အနည်းငယ်သာရခဲ့တယ်လို့ မြစ်တလျှောက်မှာနေထိုင်သူတွေကပြောပါတယ်။ အရေးပေါ်သတိပေးမှုတွေစနစ် တွေအသုံးပြုခဲ့တယ်လို့လည်း ဂျပန်အာဏာပိုင်တွေကပြောပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ဒေသခံတချို့ရဲ့ဝေဖန်မှုတွေ လည်းရှိနေပါတယ်။ သတိပေးမှုစနစ်တွေနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေပြုလုပ်ပြီး လိုအပ်တဲ့အကူအညီတွေပေးပြီး တတ်နိုင်သမျှ လျင်လျင်မြန်မြန်ဆောင်ရွက်ဖို့ကို အာဘဲကညွှန်ကြားခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့လိုအပ်တဲ့ထောက်ပံ့မှုတွေအတွက် ဆောင်ရွက်မှုတွေကိုအချိန်နဲ့တပြေးညီ ၀န်ကြီးအဖွဲ့ဝက်ဆိုက်မှာဖော်ပြသွားမယ်လို့လည်းအာဘဲကပြောပါတယ်။ 

 

 

 

Related News