ပါကစ္စတန်အနောက် တောင်ပိုင်းမှာ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးချီတက်ပွဲလုပ်နေတုန်း အသေခံဗုံးခွဲခဲ့တာကြောင့် အနည်းဆုံးလူ(၁၃၃) ဦးသေဆုံးပြီး နောက်ထပ်လူ(၂၀၀)ကျော်ဒဏ်ရာရခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ၊ အနောက်တောင်ပိုင်းမှာ ဇူလိုင်လ(၁၃)ရက်ကရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးချီတက်ပွဲလုပ်နေတုန်း မှာ အသေခံဗုံးခွဲခဲ့တာကြောင့် အနည်းဆုံးလူ(၁၃၃)ဦးသေဆုံးပြီး နောက်ထပ်လူ(၂၀၀)ကျော်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးခဲ့သူ တွေထဲမှာ မတ်စတောင်းမြို့ ကိုယ်စားလှယ်လောင်းလည်းပါဝင်ခဲ့တယ်လို့ ဒေသရဲတပ်ဖွဲ့ကပြောပါတယ်။ အခုဗုံးဖောက်ခွဲမှုက သူတို့ရဲ့လက်ချက်ဖြစ်တယ်ဆိုပြီး(IS)စစ်သွေးကြွအဖွဲ့ကထုတ်ပြောထားပါတယ်။

 ဘန်နူမြို့မြောက်ပိုင်းမှာလည်းအလားတူမဲ ဆွယ်စည်းရုံးရေးချီတက်ပွဲလုပ်နေတုန်းမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် လူ(၄)ဦးသေဆုံးခဲ့ပါတယ်။ လာမယ့်ဇူလိုင်လ(၂၅) ရက်မှာ ကျင်းပမယ့်ပါကစ္စတန်အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ အခုလိုဗုံးခွဲတိုက်ခိုက်မှုတွေမကြာခဏဖြစ်နေတာပါ။ ဇူလိုင် လ(၁၃)ရက်က ဗုံးပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့(၂၀၁၄)ခုနှစ်ကတည်းက အသေအပျောက်အများဆုံးတိုက်ခိုက်မှု(၁)ခု ဖြစ်ခဲ့ပါတယ်။  အခုလိုတွေဖြစ်နေစဉ်အတွင်းမှာပဲ ဗြိတိန်နိုင်ငံကနေလေယာဉ်ခရီးစဉ်နဲ့ ပြန်လာတဲ့ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း န၀က်ဇ် ရှရစ်ဖ်လည်းထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

လာဟောမြို့ မြောက်ပိုင်းမှာလေယာဉ်ဆင်းသက်ခဲ့ပြီးနောက်မှာ အမျိုးသားရေးရာတာဝန်ရှိသူအဖွဲ့(NAB)ကအရာရှိတွေက ရှရစ်ဖ်နဲ့ သူ့ရဲ့သမီး မာရမ်တို့ကိုထိန်းသိမ်းခဲ့တာပါ။ အခုလိုထိန်းသိမ်း ခဲ့ပြီးနောက် ပါကစ္စတန်မြို့တော် အစ္စလာမာဘဒ် မြို့ကိုဦးတည်ကာ စင်းလုံးဌားလေယာဉ်နဲ့ခေါ်ဆောင်သွားပြီး ဒေသအကျဉ်း ထောင်ကိုလွှဲပြောင်းပေးခဲ့တယ်လို့ယူရိုနယူးစ် သတင်းဌာနကဖော်ပြပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ရှရက်ဖ်ဟာပြီးခဲ့တဲ့(၂၀၁၇)ခုနှစ် တုန်းက အကျင့်ပျက်ခြစားမှုကျူးလွန်ခဲ့တယ်ဆို တဲ့စွဲချက်(၃)ခုနဲ့ ၀န်ကြီးချုပ်ရာထူးကနေဖြုတ်ချခံခဲ့ရတာပါ။

 

 

 

Related News