သြဂုတ်လမှာကျင်းပမယ့် အာရှအားကစားပွဲတော်ကိုတက်ရောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကိုဖိတ်ကြားထား တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ပါလမ်ဘမ်မြို့မှာရှိပြီး အားကစားပွဲတော်မှာအသုံး ပြုမယ့် အားကစားကွင်း(၁)ခုမှာ ဇူလိုင်လ(၁၄)ရက်ကပြုလုပ်ခဲ့တဲ့ NHKသတင်းဌာနနဲ့သီးသန့်တွေ့ဆုံမေးမြန်းမှုမှာပြောခဲ့တာပါ။ အားကစားပွဲတော်ကိုတက်ရောက်ဖို့ ကင်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်တို့ကို တရားဝင်ဖိတ်ကြားထားတယ်လို့သိရ ပါတယ်။ (၂)နိုင်ငံစလုံးက တစ်စုံတစ်ရာမတုံ့ပြန်သေးပေမဲ့ တက်ရောက်ဖြစ်မယ်ဆိုရင်တော့ အားကစားကနေ ငြိမ်းချမ်းရေးနဲ့ရင်း နှီးမှုပိုတိုးလာနိုင်တယ်လို့ သမ္မတ၀ီဒိုဒိုကပြောပါတယ်။

အခုနှစ်မှာကျင်းပမယ့်(၁၈)ကြိမ်မြောက်ပွဲတော်ရဲ့ဖွင့်ပွဲနဲ့ပိတ်ပွဲတွေမှာ ကို ရီးယား(၂)နိုင်ငံပူးပေါင်းပြီး ချီတက်သရုပ်ပြမယ့်အပြင် အားကစားနည်း(၃)မျိုးမှာလည်း ပူးပေါင်းယှဉ်ပြိုင်မှာပါ။ အင်ဒိုနီးရှားနိုင်ငံ က မြောက်ကိုရီးယားနဲ့ဆက်ဆံရေးကောင်းတဲ့နိုင်ငံ(၁)နိုင်ငံဖြစ်ပါတယ်။ ဒီဖြစ်ရပ်က သမ္မတ၀ီဒိုဒိုဟာ သံတမန်ရေးမှာ တက်ကြွ သူ(၁)ဦးဖြစ်တယ်ဆိုတာကို ဖော်ပြလိုတာလို့ သုံးသပ်တာတွေရှိနေပါတယ်။

 

 

 

Related News