လူတွေပြည့်ကျပ်နေတဲ့လှေ(၁)စီးမှာပါလာတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို အီတလီနိုင်ငံက စစ္စလီကျွန်းမှာ ဆင်းသက်ခွင့်ပြု လိုက်ပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ မော်လ်တာ၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတို့က ရွှေ့ပြောင်းအခြေချသူအယောက်(၅၀)စီကို လက်ခံဖို့သ ဘောတူခဲ့တယ်လို့ အီတလီကပြောခဲ့ပြီးနောက် အခုလိုဆုံးဖြတ်ခဲ့တာပါ။ အစပိုင်းမှာတော့ အီတလီနဲ့မော်လ်တာနိုင်ငံတို့က ရွှေ့ ပြောင်းသူတွေကို ကမ်းကပ်ခွင့်ပြုဖို့ တစ်ဘက်နဲ့တစ်ဘက်ပြောနေကြပါတယ်။

စစ္စလီကျွန်းပေါ်က "ပို့ဇ်ဇာလို"ဆိပ်ကမ်းမှာ အမျိုးသ မီးတွေနဲ့ကလေးတွေစုစုပေါင်း(၅၇)ဦးကိုပဲ နေထိုင်ခွင့်ပြုထားပါတယ်။ လှေပေါ်မှာပါလာသူတွေကို အီးယူရဲ့ "ဖရန့်တက်က်စ်" စီမံချက်နဲ့ ကယ်ဆယ်ခဲ့ပေမဲ့ အီတလီကတော့ သူ့ရဲ့ဆိပ်ကမ်းတွေမှာ ကမ်းကပ်ခွင့်ပြုဖို့ ဆန္ဒမရှိခဲ့ပါဘူး။ အီတလီကမ်းခြေတွေမှာ ရွှေ့ပြောင်းအခြေချသူတွေကမ်းကပ်တာကို ပိတ်ဆို့တဲ့အနေနဲ့ ပြီးခဲ့တဲ့ဇွန်လမှာစပြီး အုပ်ချုပ်ရေးတာဝန်ယူနေတဲ့ အီတလီအစိုးရ အဖွဲ့က မူဝါဒတွေပိုပြီး တင်းကြပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း အီတလီအစိုးရက ကမ်းကပ်ဖို့ငြင်းဆိုခဲ့တာကြောင့် ကယ် ဆယ်ရေးသင်္ဘော(၂)စီးက စပိန်နဲ့ မော်လ်တာနိုင်ငံတို့မှာ ကမ်းကပ်ခဲ့ရပါတယ်။ 

 

 

Related News