ကမ္ဘာ့အကြီးဆုံးလေထီးပျံသန်းခြင်းပွဲတော်၊ အိုင်ကာရက်စ်နိုင်ငံတကာပျံသန်းမှုပွဲတော်ကို တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကင်းဟိုင်ပြည်နယ်၊ ကီလျန်ကောင်တီမှာ ဇူလိုင်လ(၁၄)ရက်နဲ့ (၁၅)ရက်ကကျင်းပခဲ့ပါတယ်။ အခုနှစ်ပွဲတော်က ပြင်သစ်နိုင်ငံမှာ မဟုတ်ဘဲ ပြင်ပနိုင်ငံ(၁)နိုင်ငံမှာ ပထမဆုံးကျင်းပတာပါ။ ဒီနှစ်ပြိုင်ပွဲမှာ နိုင်ငံ(၁၀)နိုင်ငံကျော်က ပျံသန်းတာဝါသနာပါသူ(၂၀၀) လောက်ပါဝင်ခဲ့ပါတယ်။ ဒီပွဲတော်ကို (၁၉၇၄)ခုနှစ်က ပြင်သစ်နိုင်ငံမှာ ပထဆုံးစတင်ကျင်းပခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပွဲတော် ကျင်းပချိန်က (၄)ရက်ကြာမြင့်ပြီး ဆောင်းဦးရာသီအစောပိုင်းကာလမှာ ကျင်းပတာဖြစ်ပါတယ်။ လာမယ့်ပွဲတော်ကိုတော့ အခုနှစ် စက်တင်ဘာလမှာ ပြင်သစ်နိုင်ငံမှာကျင်းပမှာပါ။ 

နီကာရာဂွာနိုင်ငံအရှေ့တောင်ပိုင်းမြို့တွေထဲက ဆန္ဒပြသူတွေက အတားအဆီးတွေကိုရှင်းလင်းဖို့ နီကာရာဂွာအစိုးရတပ်ဖွဲ့တွေ ကပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံးလူ(၁၀)ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေက အရပ်သား(၆)ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်(၄) ဦးဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ဥရောပသမဂ္ဂ(အီးယူ)၊ ကိုလံဘီယာ၊ ချီလီနဲ့ အီကွေဒေါ နိုင်ငံတို့က နီကာရာဂွာအစိုးရရဲ့လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။ အနည်းဆုံးကား(၂၂)စီးပေါ်မှာ နီကာရာဂွာအစိုးရ တပ်ဖွဲ့တွေပါလာခဲ့တယ်လို့ နီကာရာဂွမ်လူ့အခွင့်အရေးအဖွဲ့(ANPDH)ခေါင်းဆောင်အယ်လ်ဘရို လီဗာကပြောပါတယ်။ မာဆရာ မြို့ခံတွေကို အိမ်ထဲမှာပဲနေဖို့ လီဗာကသတိပေးခဲ့ပါတယ်။ 

အစ္စရေးနိုင်ငံဒန်ဒေသနဲ့ နိုင်ငံတောင်ပိုင်းက စစ်ရေးအခြေအနေတွေကိုအကဲဖြတ်နိုင်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)က လေ ကြောင်းကာကွယ်ရေးစနစ်သုံးဘတ်ထရီတွေအားဖြည့်သွားမယ်လို့ သိရပါတယ်။ အစ္စရေးနိုင်ငံသားတွေကိုဆက်လက်ကာကွယ် နိုင်ရေး၊ အခြေအနေအမျိုးမျိုးအတွက်ပြင်ဆင်နိုင်ရေး၊ စစ်ရေးအခြေအနေအကဲဖြတ်ရေးနဲ့ လုပ်ငန်းလိုအပ်ချက်နဲ့အညီအရှိန်အ ဟုန်မြှင့်လုပ်ဆောင်သွားနိုင်ရေးအတွက် အခုလိုဆုံးဖြတ်ခဲ့တာလို့ (IDF)ကပြောပါတယ်။ ဇူလိုင်လ(၁၄)ရက်ညပိုင်းမှာ ဂါဇာနယ် စပ်ကနေ အစ္စရေးနယ်နမိတ်ထဲကို ဒုံးကျည်(၂၀၀)နီးပါးပစ်လွှတ်ခဲ့တာကြောင့် လေကြောင်းကာကွယ်ရေးစနစ်(၄၀)လောက်ပျက် စီးခဲ့တယ်လို့သိရပါတယ်။

Related News