အင်ဒိုနီးရှားနိုင်ငံ၊ လွန်မ်ဘော့ခ်ကျွန်းပေါ်မှာ သြဂုတ်လ(၅)ရက်ကပြင်းအား(၆.၉)မဂ္ဂနီကျူ့ဒ်အဆင့်ရှိငလျင်လှုပ်ခဲ့ပြီးနောက် လူ (၁၀၀)ဦးနီးပါးသေဆုံးခဲ့ပြီး လူ(၂၀၀၀၀)လောက်သူတို့ရဲ့အိမ်တွေဆုံးရှုံးခဲ့သလို လူထောင်ချီကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထား တယ်လို့ ဒေသအာဏာပိုင်တွေကအတည်ပြုပါတယ်။ ဂီလီကျွန်းနားက နိုင်ငံခြားခရီးသည်(၂၀၀၀)လောက်ကို ဘေးလွတ်ရာရွှေ့ ပြောင်းပေးဖို့ လှေတွေပို့ပေးခဲ့တယ်လို့လည်း အာဏာပိုင်တွေကပြောပါတယ်။

သြဂုတ်လ(၅)ရက်ကလှုပ်ခဲ့တဲ့ငလျင်ကြောင့် အ ဆောက်အအုံထောင်ချီပျက်စီးခဲ့ပြီး လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးလိုင်းတွေလည်းပြတ်တောက်ခဲ့ပါတယ်။ ဒေသခံတွေအ တွက် ယာယီအမိုးအကာတွေကိုဦးစားပေးစီစဉ်ပေးနေတယ်လို့ အကူအညီပေးရေးအေဂျင်စီတွေကပြောပါတယ်။ ငလျင်လှုပ်ခတ် မှုပြီးဆုံးသွားပေမဲ့ အဆောက်အအုံပြိုကျမှာကိုစိုးရိမ်တာကြောင့် သူတို့ရဲ့အိမ်တွေကိုပြန်ဖို့ကြောက်ရွံ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ(၃၀)ရက်တုန်းကလည်း လွန်မ်ဘော့ခ်ကျွန်းပေါ်မှာငလျင်လှုပ်ခဲ့တာကြောင့် လူ(၁၆)ဦးသေဆုံးခဲ့တယ်လို့ အကူအညီပေးရေးအေဂျင်စီတွေကပြောပါတယ်။ ထိခိုက်မှုတွေရှိနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်လုပ် ဆောင်ဖို့နဲ့ ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်တွေပိုအသုံးပြုသွားဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတိုက်တွန်းထားပါတယ်။ ငလျင်လှုပ်ပြီးချိန်မှာ သေဆုံးသူတွေ(၉၈)ဦးထိမြင့်တက်ခဲ့ပြီး နောက်ထပ်ဒဏ်ရာရသူ(၂၃၀)ဦးရှိခဲ့တယ်လို့ အင်ဒိုနီးရှားသဘာဝ ဘေးစီမံခန့်ခွဲရေးအေဂျင်စီက ပြောခွင့်ရှိသူ ဆူတိုပို ပျူဝို နူဂရိုဟို ကပြောပါတယ်။ အပျက်အစီးတွေအားလုံးကို ခြုံငုံတွက်ချက်ရ ရင်လွန်မ်ဘော့ခ်ကျွန်းရဲ့ (၈၀)ရာခိုင်နှုန်းလောက်ကိုထိခိုက်စေခဲ့တာလို့ အာဏာပိုင်(၁)ဦးပြောခဲ့ပါတယ်။

 

 

 

Related News