ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲနဲ့ ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တော်နီရီုဂူးတား(စ်) တို့ မြောက်ကိုရီးယားကို နျူကလီးယားလုံးဝကင်းစင်ရေးအတွက် ကုလသမဂ္ဂပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ သဘော တူခဲ့ပါတယ်။

သြဂုတ်လ(၈)ရက်မနက်မှာဂျပန်နိုင်ငံတိုကျိုမြို့မှာဂူးတား(စ်)က ၀န်ကြီးချုပ်အာဘဲနဲ့တွေ့ဆုံခဲ့ပါတယ်။ နာဂါစကီမြို့ မှာကျင်းပမယ့် (၇၃)နှစ်မြောက် ဟီရိုရှီးမားမြို့အဏုမြူဗုံး ကျခံခဲံ့ရတဲ့ အခမ်းအနားကို ဂူတား(စ်)ကတက်ရောက်မှာဖြစ်ပါတယ်။  ဂျပန်ဝန်ကြီးချုပ်အာဘဲနဲ့ ဂူးတား(စ်)တို့က မြောက်ကိုရီးယားကိစ္စအပေါ် ဆွေးနွေးခဲ့ကြပြီး   ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို အခြေခံထားတဲ့ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုတွေအပေါ် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလုံးကင်း စင်ရေးဆီကိုလုပ်ဆောင်ဖို့ကိုလည်းအမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ခေါ်ဆောင်သွားခဲ့တဲ့ ဂျပန်လူမျိုးတွေကို  အမြန်ဆုံးပြန်လွှတ်ပေးရေးတောင်းဆိုဖို့ကိုလည်းသဘောတူညီခဲ့ကြပါတယ်။

ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံပြုပြင် ပြောင်းလဲမှုတွေ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဦးဆောင်မှုကိုထောက်ခံတယ်လို့လည်း အာဘဲကပြောပါတယ်။ ဂျပန်နိုင်ငံအနေနဲ့  ပြုပြင်ပြောင်းလဲမှုတွေ အတွက်ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။  ဂျပန်နိုင်ငံအဏုမြူဗုံးကျခံရတဲ့ မြို့တွေကို ကမ္ဘာ့ခေါင်းဆောင်တွေ လာရောက် တာက အရေးပါပြီး နျူကလီးယားလက်နက်မရှိတဲ့ကမ္ဘာ ရဖို့ ဖြစ်တယ်လို့ လည်းအာဘဲကပြောပါတယ်။

 

 

Related News