သြဂုတ်လ(၈)ရက်မနေ့ကဂျပန်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းရှန်ရှန်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်းကိုဦးတည်နေပြီး သဘာဝဘေးအန္တရာယ်တွေဖြစ်လာနိုင်တယ်လို့လည်း ဂျပန်အာဏာပိုင်တွေက သတိပေးထားပါတယ်။အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းရှန်ရှန်ဟာ ဂျပန်နိုင်ငံရဲ့လူဦးရေထူထပ်တဲ့ကန်တိုဒေသကနေ နိုင်ငံအရှေ့ဘက် ကမ်းခြေရဲ့ မြောက် ဘက်ကို ဦးတည်နေပါတယ်။ မုန်တိုင်းကြောင့် အပျက်အစီးကြီးတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်တာ မျိုးမရှိပေမဲ့ သတိပေးချက်တွေတော့ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ သြဂုတ်လ(၉)ရက် ဒီနေ့နေ့လည်ပိုင်းမှာ မုန်တိုင်းက ဖူကူရှီးမားစီရင်စု၊ အီ ၀ါကီမြို့ရဲ့တောင်ဘက်ကီလိုမီတာ(၄၀)အကွာက ပင်လယ်ရေပြင်ကနေဖြတ်သန်းသွားမှာဖြစ်ပြီး မြောက်ဘက်ကို လေတိုက်နှုန်း (၁)နာရီကို ကီလိုမီတာ(၂၀)လောက်နဲ့ ရွှေ့လျားသွားမှာဖြစ်တယ်လို့ ဂျပန်မိုးလေ၀သ အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဗဟိုချက်မှာ လေတိုက်နှုန်းတစ်နာရီကို (၁၂၆)ကီလိုမီတာနှုန်းလောက် ရှိနေပါတယ်။ မြို့တော်တိုကျိုမြို့နဲ့ အရှေ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးနေပြီး လေပြင်းတွေလည်းတိုက်ခတ်နေပါတယ်။ မုန်တိုင်းက အားကောင်းတာနှေးနေတဲ့အတွက် မုန်တိုင်းတိုက်မယ့်အချိန်ကြာနိုင်တယ်လို့လည်း မိုးလေ၀သအေဂျင်စီက ခန့်မှန်းထားပါတယ်။ ဒီရေတက်လာနိုင်တာ၊ လှိုင်းကြီး လာနိုင်တာ၊ ရုတ်တရက်မိုးကြီးနိုင်တာ၊ လေဆင်နှာမောင်းတိုက်ခတ် နိုင်တာနဲ့ လေပြင်းတွေတိုက်လာနိုင်တာတွေကို သတိထားဖို့ အာဏာပိုင်တွေကသတိပေးထားပါတယ်။ သြဂုတ်လ(၉)ရက် ဒီနေ့မှာ ဂျပန်နိုင်ငံတွင်းသွားလေယာဉ်ခရီးစဉ် (၁၀၈)ခုကို ဖျက်သိမ်း ထားတယ်လို့သိရပါတယ်။

 

 

 

Related News